BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • R2P တပ် နယ်စပ်ရောက်နေပြီဆိုတဲ့...
သတင်းအတု

R2P တပ် နယ်စပ်ရောက်နေပြီဆိုတဲ့ သတင်းအတု

မြန်မာနိုင်ငံကို အကူအညီပေးမယ့် R2P တပ် နယ်စပ်ရောက်နေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  22 May 2023 9:05 PM IST
  • R2P တပ် နယ်စပ်ရောက်နေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို TV MN ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့နောက်ခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သတင်းကြေငြာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “၂၁ ရက်နေ့ R2P တပ်ဝင်ဖို့ ကတိပြုပြီ။ ဦးကျော်မိုးထွန်း ကြမ်းပြီဟေ့” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း R2P တပ်တွေ နယ်စပ်ရောက်နေပြီလို့ ထပ်မံရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံကို အကူအညီပေးမယ့် R2P တပ် နယ်စပ်ကို ရောက်ရှိနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    R2P တပ်တွေဟာ မြန်မာအရေးလာရောက် ကူညီပေးခြင်းမရှိသေးသလို မြန်မာနိုင်ငံရဲ့ မည်သည့်နယ်စပ်ဒေသကိုမှ ရောက်ရှိနေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသက်သက်သာဖြစ်ပါတယ်။

    ဒါ့အပြင် ၎င်းတို့ ဖြန့်ဝေထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsUNR2PMyanmar borderMilitaryCoupPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   R2P တပ်တွေ နယ်စပ်ရောက်နေပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!