BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့...
သတင်းအတု

ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ အလံဖြူထောင်ပြီး အလင်းဝင်တယ်ဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပျူစောထီးခေါင်းဆောင် ဦးဝါသဝ ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ အလံဖြူထောင်ပြီး PDF တွေထံကို အလင်းဝင်လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Dec 2023 9:35 PM IST
  • ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ အလံဖြူထောင်ပြီး အလင်းဝင်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ ဝါသဝ ဦးဆောင်တဲ့ ပျူစောထီး ပြည်သူ့စစ်တွေ ပါဝင်တဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၂၆ ရက်နေ့ မနက်ခင်း သတင်းထူး၊ ၅၀၅ ဆရာတော် အလံဖြူထောင်ပြီဗျို့။ အမျိုးယုတ်၊ မဘသ၊ ပျူခေါင်းဆောင် ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ အလံဖြူထောင်ပြီး PDF ထံ အလင်းဝင်ကုန်ပြီ။ ခေတ်သစ်အတည်ပြုပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၅၂၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပျူစောထီးခေါင်းဆောင် ဦးဝါသဝ ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ အလံဖြူထောင်ပြီး PDF တွေထံကို အလင်းဝင်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ ပြည်သူစစ်တွေဟာ လက်နက်ချခြင်း မရှိသလို အလံဖြူထောင်ခြင်းလည်း မရှိပါဘူး။ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ထိ စစ်ကောင်စီကို ကာကွယ်ဖို့ ပြည်သူ့စစ်တွေကို ဦးစီးနေဆဲ ဖြစ်ပါတယ်။ ၎င်းရဲ့ သတင်းတွေ ဖော်ပြနေတဲ့ ကျွန်းလှမီးအိမ်ရှင် ပေ့ချ်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ကနီနဲ့ မင်းကင်းမှာ ပျူစောထီးနှစ်ဦး လက်နက်နဲ့ အလင်းဝင် ဆိုတဲ့ သတင်းနဲ့ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPyusawhti militiasPyu Saw Hteepro-militarypro-juntaဝါသဝအလံဖြူထောင်
    Read Full Article
    Claim :   ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ အလံဖြူထောင်ပြီး အလင်းဝင်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!