BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်သမ္မတရှီကျင့်ဖျင်...
သတင်းအတု

တရုတ်သမ္မတရှီကျင့်ဖျင် တကယ်ပဲဖမ်းဆီးခံရသလား

တရုတ်သမ္မတရှီကျင့်ဖျင်ကို တရုတ်စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေ လူမှုကွန်ရက်နဲ့ နိုင်ငံတကာက သတင်းဌာနအမည်ခံဝဘ်ဆိုက်တွေမှာပျံ့နှံ့ခဲံပြီး ဒီအကြောင်းအရာဟာ ပြည်တွင်းမှာလည်းကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြပါတယ်။ဒီအကြောင်ူအရာက တကယ်ပဲ မှန်ကန်ပါရဲ့လား။

By - Boom Live Myanmar |
Published -  29 Sept 2022 8:54 PM IST
  • တရုတ်သမ္မတရှီကျင့်ဖျင် တကယ်ပဲဖမ်းဆီးခံရသလား

    အဆိုပါအကြောင်းအရာဟာ စက်တင်ဘာလ ၂၄ ရက်ခန့်က တရုတ်နိုင်ငံက လူမှုကွန်ယက်တွေပေါ် စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ဖေ့စ်ဘွတ်သုံးစွဲသူတွေကြားမှာ ရေးသားဖြန့်ဝေလာကြတာဖြစ်ပါတယ်။ Facebook Page တစ်ခုဖြစ်တဲ့ MAL KO SAY MAY ဆိုတဲ့ Page ကလည်း စက်တင်ဘာလ ၂၄ ရက်နေ့ ၉ နာရီ ၃၄ မိနစ်မှာ ၁၂ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ Video နဲ့အတူ "နဂါးကြီး တီကောင်ဘဝရောက်ပြီ တရုတ်သမ္မတရှီကျင်းဖိန်ကို တရုတ်စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ" လို့ ရေးသားထားပါတယ်။ နောက်ထပ် Page တစ်ခုကလည်း "တရုတ်သမ္မတ Xi Jinping ကို အကျယ်ချုပ်ဖြင့် အာဏာသိမ်းလိုက်သည့် သတင်း၊ တရုတ်စစ်တပ်မှဖမ်းဆီးထိန်းသိမ်းလိုက်ပြီ" လို့ ရေးသားဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်အပြင် YouTube ပေါ်မှာပါ ရေးသားဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    သမ္မတရှီကျင့်ဖျင်ကို တရုတ်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကောလဟာသက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    ရှီကျင့်ဖျင်ဟာ လူမြင်ကွင်းကနေ ရက်အနည်းငယ်ကြာ ပျောက်ကွယ်နေတဲ့အတွက် ၎င်းကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်တို့၊ တရုတ်စစ်တပ်က အာဏာသိမ်းလိုက်ပြီတို့ စတဲ့ကောလဟာလတွေ ထွက်ပေါ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

    စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံပိုင် ရုပ်သံကနေ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတရှီ လူမြင်ကွင်းကို ပြနလည်ထွက်ပေါ်လာတဲ့ သတင်းကို ဒီမှာဖတ်ပါ။


    ဒီရက်ပိုင်းအတွင်းမှာ တရုတ်သမ္မတရှီကျင့်ဖျင် ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ ကောလဟာလ ထွက်ပေါ်ခဲ့သလို ရုရှားသမ္မတ ပူတင်ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

    Tags

    Fake newsChina PresidentXi JinpingarrestChinese militaryrumoursသတင်းအတုသမ္မတရှီကျင့်ဖျင်
    Read Full Article
    Claim :   တရုတ်သမ္မတရှီကျင်းဖိန်ကို တရုတ်စစ်တပ်မှဖမ်းဆီးထိန်းသိမ်းလိုက်ပြီ
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!