BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သမ္မတ ဦးဝင်းမြင့်ကို...
သတင်းအတု

သမ္မတ ဦးဝင်းမြင့်ကို ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လွတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Nov 2022 6:55 PM IST
  • သမ္မတ ဦးဝင်းမြင့်ကို ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Always ဆိုတဲ့ Page တစ်ခုက နိုဝင်ဘာလ ၇ ရက်နေ့ ၁ နာရီ ၄၅ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ခွဲခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံမှာ သမ္မတဦးဝင်းမြင့်နဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်လမ်းလျှောက်လာနေတာကို တိုင်းရင်းသားဝတ်စုံ အသီးသီးဝတ်ဆင်ထားသူတွေက နုတ်ဆက်နေကြတဲ့ပုံ ဖြစ်ပါတယ်။ ၎င်း ဓါတ်ပုံရဲ့ အပေါ်မှာ " 7 ရက်နေ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်ပြီဟေ့ မထင်ထားဘူး" လို့ ရေးသားထားကာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "သမ္မတဉီးဝင်းမြင့် စကစ ပြန်လွတ်လိုက်ပီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ video ကို like လုပ်ထားသူ ၇၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သိန်း ၇ သောင်းကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ပြန်လွတ်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော် သမ္မတကို ပြန်လွတ်ပေးထားခြင်းမရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားတဲ့ အခု Page မှာသာ တင်ထားခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် ၎င်း Video ရဲ့ ခေါင်းစဉ်မှာ သမ္မတကို ပြန်လွတ်ပေးပြီလို့ ဖော်ပြထားပေမယ့် Video ရဲ့ အတွင်းမှာတော့ ဒီအကြောင်းအရာလုံးဝ မပါဝင်ပါဘူး။ ဧရာဝတီ သတင်းဌာနက အယ်ဒီတာရဲ့ စကားဝိုင်းထဲကအသံကို ယူပြီးနောက်ခံအသံ ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ လူအများဝင်ရောက်ကြည့်ရှု့အောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Military Coupfake newsClickbaitsPresidentsသတင်းတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   သမ္မတဦးဝင်းမြင့် ပြန်လွတ်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!