BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သမ္မတဦးဝင်းမြင့်ကို...
သတင်းအတု

သမ္မတဦးဝင်းမြင့်ကို ပစ်သတ်လိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပစ်သတ်လိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Sept 2023 7:42 PM IST
  • သမ္မတဦးဝင်းမြင့်ကို ပစ်သတ်လိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Shwe Fun ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် နဲ့ Cele Update ဆိုတဲ့ ပေ့ချ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး၊ WV News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကလည်း အဆိုပါ သတင်းအမှားကို ဩဂုတ်လ ၃၀ ရက်နေ့မှာ ဖြန့်ဝေထားပါတယ်။ ဒီ သတင်းအမှားကို ဖြန့်ဝေရာမှာ “အားလုံးအတွက်အရေးကြီးတဲ့ သတင်းပါ” လို့ ရေးသားကာ ဓါတ်ပုံတစ်ပုံရယ် Website Link တစ်ခုရယ်ကို ဖော်ပြထားပါတယ်။ ၎င်းတို့ တင်ထားတဲ့ ဓါတ်ပုံမှာ သမ္မတဦးဝင်းမြင့်ရယ် ၊ စစ်ကောင်စီဗိုလ်တွေနဲ့ အကျဉ်းဦးစီးက ဗိုလ်ကြီးတွေ ဝန်ထမ်းတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို ပေါင်းစပ်ကာ တစ်ပုံထဲ ပြုလုပ်ထားပြီး ဓါတ်ပုံပေါ်မှာ “၂ ရက်အထူး၊ ပြေးဖို့ကြံလို့ ဦးဝင်းမြင့်ကို ပစ်သတ်ရဟု စကစ ထုတ်ပြန်၊ အလောင်းထုပ်(ရုပ်သံ)” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေ့ချ် ၃ ခု ကနေ လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ပစ်သတ်လိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေက သမ္မတဦးဝင်းမြင့်ကို နေပြည်တော်မှာ ဖမ်းဆီးထားရာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တောင်ငူထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သမ္မတဦးဝင်းမြင့် မိသားစုနဲ့တွေ့ ခွင့်ရတယ်လို့ VOA သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာ သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ပစ်သတ်ခံရခြင်းမရှိသလို စစ်ကောင်စီတပ်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန အဖွဲ့အစည်းကမှ ထုတ်ပြန်ထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတွေ ဝင်ရောက်ကြည့်ရှုဖို့ ပြထားတဲ့ Website အတွင်းမှာလည်း မပါဝင်ပါဘူး။ Website အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    fake newsPresidentDetainMilitaryCoupshot deadသတင်းအတုစစ်ကောင်စီအာဏာသိမ်းသမ္မတဦးဝင်းမြင့်
    Read Full Article
    Claim :   ပြေးဖို့ကြံလို့ ဦးဝင်းမြင့်ကို ပစ်သတ်ရဟု စကစ ထုတ်ပြန်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!