BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NLD ကိုယ်စားလှယ်လောင်းကို...
      သတင်းအတု

      NLD ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်ထားတဲ့ သတင်းအတု

      ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်းစာရင်း ကြေငြာမှု အပေါ် ဝါဒဖြန့် တိုက်ခိုက်ပြီး နိုင်ငံရေး အမြတ်ထုတ်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  25 July 2020 9:25 AM IST
    • NLD ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်ထားတဲ့ သတင်းအတု

      NLD ပါတီက ကိုယ်စားလောင်း စာရင်းထွက်ပေါ်လာအပြီးမှာ ပန်းပဲတန်းမြိုကနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုစည်သူမော် အပေါ် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေနဲ့ ပုံဖျက်ရေးသားမှုတွေ ရှိနေပါတယ်။

      အဆိုပါ သတင်းအမှားကို အဲ့ဒေါဏီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၂၃ ရက်နေ့ ည ၈ နာရီ ၁၁ မိနစ်မှာ ရေးသားဖြန့်ဝေထားတာ။ အဆိုပါ သတင်းအမှားထဲမှာ "ပန်းပဲတန်းမြို့နယ် NLD က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကုလားစည်သူမောင် ရွေးချယ်ခံရတယ် တဲ့... သူပုန်တွေ လွှတ်တော်ထဲမြင်ရအုံးမယ်။ မယုံမှာစိုးလို့ ဓါတ်ပုံနဲ့တကွ" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ရေးသားထားပြီး အဆိုပါ ပိုစ့်ရဲ့အောက်ဆုံး ရေးသားသူ နေရာမှာ အဲ့ဒေါဏီ လို့ ရေးသားထားပါတယ်။

      သတင်းအမှား ဖြန့်ဝေသူဟာ အဆိုပါ သတင်းအမှားနဲ့အတူ ဓါတ်ပုံသုံးပုံ ယှဉ်တွဲဖော်ပြထားပြီး ပထမ ဓါတ်ပုံမှာ နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးနှင့် ကိုစည်သူမောင်နှင့် အခြားအမျိုးသား ၂ ဦးပါဝင်သော ဓါတ်ပုံဖြစ်ပြီး၊ ဒုတိယပုံမှာ အလွတ်တန်း သတင်းထောက် ကိုပါကြီးနှင့် တွဲရိုက်ထားသော ပုံဖြစ်ကာ အဆိုပါ ဓါတ်ပုံအပေါ်တွင် "သတင်းထောက် မောင်ပါကြီးနဲ့ ကျောင်းသားလေး စည်သူမောင်ပါ။ မဲဆောက် မှာ ဖောက်ခွဲရေး သင်တန်းတက်စဉ် အမှတ်တရ ဓါတ်ပုံတဲ့ဗျ" လို့ ရေးသားထားပြီး တတိယ ပုံမှာ ကိုစည်သူမောင် ရဲ့ ဖေ့စ်ဘွတ် Profile ပုံကို Screen Shot ထားသော ပုံဖြစ်သည်။

      အဆိုပါ သတင်းအမှား ကို အဲ့ဒေါဏီ ဖေ့စ်ဘွတ်အကောင့်ကနေ လူပေါင်း ၆၀၀ ကျော်က ထပ်ဆင့်ဝေမျှထားပြီး ဆက်လက်မျှဝေနေဆဲပဲ ဖြစ်ပါတယ်။


      သတင်းဆန်းစစ်ချက်

      အဲ့ဒေါဏီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ပန်းပဲတန်းမြို့နယ်က NLD ပါတီ ကိုယ်စားလှယ်လောင်း ကိုစည်သူမောင် အပေါ် ရေးသားထားတာနဲ့ ပက်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးဖို့ သတင်းအမှားဖြန့်ဝေခံရတဲ့ ကာယကံရှင် ဖြစ်သူ ကိုစည်သူမောင် ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒီသတင်းတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်လို့ ဆိုပါတယ်။

      အဆိုပါ ရေးသားဖြန့်ဝေမှုတွေနဲ့ ပက်သက်ပြီး "ကိုပါကြီးနဲ့ ပုံက ကျွန်တော်တို့ ရှစ်လေးလုံး (၈.၈.၈၈) ငွေရတု အခမ်းအနား မကျင်းပမီ ကာလတွေက ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာလေ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တရားဝင် တွေ့ဆုံပွဲတွေပါ။ ဒါက ရှစ်လေးလုံး ငွေရတု ကော်မတီအနေနဲ့ တွေ့ဆုံပွဲတွေမှာ သွားတုန်းက ကိုပါကြီးသည် အလွတ်တန်း သတင်းထောက်။ နောက်တစ်ခုက ၁၉၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုမှာ ပါခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားမျိုးဆက်ပေါ့… ဆိုတော့ ကျွန်တော်တို့ ဒီကော်မတီမှာပါတဲ့ သူတွေနဲ့ သူတို့တွေက ရဲဘော်ရဲဘက်တွေ၊ မိတ်ဆေါသူငယ်ချင်းတွေ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ရောက်နေတဲ့အခါမှာ လာပြီးတော့ တွေ့ဆုံနှုတ်ဆက်တဲ့ သဘောပါ။ အဲ့ဒီမှာ ကျွန်တော်တို့ အမှတ်တရ ဓါတ်ပုံလေး ရိုက်ထားတာပါ။ နောက်တစ်ခုက တောထဲမှာ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးနဲ့ ပုံက အဲ့ဒါ ရေပျံတောင်ရေတံခွန် ခင်ဗျ။ ပြင်ဦးလွင် ရေပျံတောင် ရေတံခါန်မှာ ကျွန်တော့်မိတ်ဆွေတွေနဲ့ ကျွန်တော် ခရီးသွားတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံလေးပါ။ အဲ့ဒီပုံကို သူတို့ ဖြတ်ညှပ်ကပ် လုပ်ထားတာ။ သတင်းပုံစံတစ်ခု ဖန်တီးထားပုံ ရပါတယ်" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

      ဒီသတင်းအမှား တင်ထားတဲ့ အဲ့ဒေါဏီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ အဆိုပါ ဖေ့စ်ဘွတ်အကောင့်ဟာ လူမျိုးရေး ဘာသာရေး ကို အသုံးချပြီး NLD ပါတီအပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ၊ နိုင်ငံတော်အတိုင်ပင်ခံ အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ၊ NLD ပါတီရဲ့ ကိုယ်စားလောင်းတွေကို ပုံဖျက်ရေးသားထားတဲ့ သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။




      Tags

      Fake newspropaganda newsNLD candidateသတင်းအမှားNLD ကိုယ်စားလှယ်လောင်းဝါဒဖြန့်သတင်း
      Read Full Article
      Claim :   အဲ့ဒေါဏီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ပန်းပဲတန်းမြို့နယ်က NLD ပါတီ ကိုယ်စားလှယ်လောင်း ကိုစည်သူမောင် အပေါ် ရေးသားထားတာနဲ့ ပက်သက်ပြီး Boom Myanmar က သတင်းအမှားဖြန့်ဝေခံရတဲ့ ကာယကံရှင်ဖြစ်သူ ကိုစည်သူမောင် ကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!