BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နိုင်ငံတော်အတိုင်ပင်ခံကို...
သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံကို တိုက်ခိုက်တဲ့သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူစုလူဝေးနဲ့ မွေးနေ့ပွဲ ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံနှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  24 Jun 2020 3:27 PM IST
  • နိုင်ငံတော်အတိုင်ပင်ခံကို တိုက်ခိုက်တဲ့သတင်းအတု

    ဒီ သတင်းအမှားကို Ko Ko ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၁၉ ရက်နေ့ ၃ နာရီ ၂၇ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီ သတင်းအမှားထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချိုးငှက် အဖြူရောင်တွေကို လွှတ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးပတ်လည် တစ်ဝိုက်မှာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဝန်းရံနေပါတယ်။ ၎င်းဓါတ်ပုံနဲ့အတူ "လူစုလူဝေးလုပ်နေသူတွေကို ဥပဒေနှင့်အညီ အရေးယူပေးပါ" လို့ ရေးသားဖြန့်ဝေထားပြီး အဲ့ဒီသတင်းကို လူ ၆၀ ကျော်က ထပ်ဆင့်ဝေမျှထားပါတယ်။

    ဒါ့အပြင် ဇွန်လ ၂၀ ရက်နေ၊ နေ့ခင်း ၃ နာရီ ၁၅ မိနစ်မှာ မိုက်ကယ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက အဆိုပါ ဓါတ်ပုံ နဲ့အတူ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာ ပန်းခြံအတွင်းမှာ စတုဒီသာ အလှူ အဖြစ် ခေါက်ဆွဲကြော် Mask နဲ့ လက်သန့်ဆေးတွေ ဝေနေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညစ်ညမ်းစွာဆဲဆိုထားတဲ့ စာသားတွေနဲ့ လူစုလူဝေးပြုလုပ်နေကြောင်း ရေးသားထားပြီး ၎င်းသတင်းအမှားကို ၂၇၀ ကျော်က ထပ်ဆင့်ဖြန့်ဝေထားကြပါတယ်။

    ဒီ သတင်းအမှားဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေ ဖြစ်ကြောင်း တွေ့ရပြီး NLD ပါတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ညစ်ညစ်ညမ်းညမ်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကောင့်တုတွေနဲ့ ရေးသားထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူစုလူဝေး ပြုလုပ်ပြီး မွေးနေ့ပွဲကျင်းပခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၈ ခုနှစ်က ဓါတ်ပုံအဟောင်းကို အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    ဒီ သတင်းအမှားထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၃ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။ အဲ့ဒီ မွေးနေ့ပွဲကို လွှတ်တော်ထဲက I-12 အဆောင်မှာ ကျင်းပခဲ့တာဖြစ်ပြီးတော့ ငြိမ်းချမ်းရေး ချိုးဖြူငှက် ၇ ကောင်ကို လွှတ်ခဲ့ပြီး အဆိုပါ မွေးနေ့ပွဲကို သမ္မတဟောင်း ဦးထင်ကျော်၊ သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လွတ်တော်ဥက္ကဌ နှစ်ဦး နဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် သူရဦးရွှေမန်းနဲ့ ဒေါက်တာတင်မျိုးဝင်းတို့လည်း တက်ရောက် ခဲ့ကြပါတယ်။

    ၂၀၁၈ ခုနှစ်က သတင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

    Tags

    fake newsMyanmar State CounsellorFake Account
    Read Full Article
    Claim :   ဖေ့စ်ဘွတ် အကောင့်တုတွေနဲ့ ရေးသားထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူစုလူဝေး ပြုလုပ်ပြီး မွေးနေ့ပွဲကျင်းပခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!