BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ...
သတင်းအတု

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို ပုတ်ခတ်တိုက်ခိုက်တဲ့ သတင်းအမှား

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Jan 2023 7:00 PM IST
  • ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟံသာညိန်းကို ပုတ်ခတ်တိုက်ခိုက်တဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မြန်မာစစ်သည်တော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ ကိုဟံသာညိန်းကို ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်ဆိုတဲ့ သတင်းရဲ့ ခေါင်းစဉ်နေရာကို Screen Shot ရိုက်ကာ ခေါင်းစဉ်နေရာတွင် ကိုဟံသာညိန်းက အမျိုုးသမီးတစ်ဦးအား အဓမ္မကျုူးလွန်သဖြင့် စစ်ကောင်စီက အဆိုပါပစ်မှုဖြင့် ပစ်ဒဏ်ချသယောင်ပုံဖျက်ရေးသားထားခြင်းဖြစ်သည်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Telegram ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ် မှာပါဖြန့်ဝေထားကြတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီထောက်ခံသူတွေက ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေထားတဲ့ အဆိုပါအကြောင်းအရာဟာ စစ်ကောင်စီက အဓမ္မဖမ်းဆီးတဲ့ သတင်းသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်းမှာ ကမာရွတ်မီဒီယာကို စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ အကြမ်းဖက် ဝင်ရောက် စီးနင်းခဲ့စဉ်က အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့အတူဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ယင်းသို့ဖမ်းဆီးပြီးနောက် အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဦးနေသန်မောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ ပြန်လွတ်ပေးခဲ့ပေမယ့် ဦးဟံသာညိန်းကိုတော့ ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၂ နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ထားတာဖြစ်ပါတယ်။

    ဦးဟံသာညိန်းဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ အပြင်းအထန် နှိပ်စက်ခံခဲ့ရပြီမှ လက်ရှိမှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ ယခုသတင်းအမှားဖြန့်ဝေမှုမှာတော့ အမှန်တကယ်ချမှတ်ခံရတဲံ အီလတ်ထရောနစ် ဥပဒေကို မုဒိန်းမှုလို့ ပြောင်းကာ လုပ်ကြံဖြန့်ဝေတာဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ကမာရွတ်မီဒီယာကို ဝင်ရောက် စီးနင်းခဲ့တဲ့ သတင်းနဲ့ ဦးဟံသာညိန်းကို ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ သတင်းကို အောက်ပါ link တွေမှာ ဖတ်ပါ။

    ကမာရွတ်သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း

    ကမာရွတ်မီဒီယာက ဦးဟံသာညိန်း ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သည်မည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တု တစ်ခုဖြစ်တာကို တွေ့ရပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ စစ်တပ်ကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupKamayut MediaMedia co-founderpersonally attackedစစ်ကောင်စီအာဏာသိမ်းကမာရွတ်မီဒီယာထောင်ချမှတ်ခံရကိုဟံသာညိန်း
    Read Full Article
    Claim :   သတင်းထောက်မလေးတစ်ဦးအား မုဒိန်းကျင့်ရန်ကြံစည်မှုဖြင့် တရားရင်ဆိုနေရတဲ့ အယ်ဒီတာချုပ်အား တရားရုံးမှ ထောင်ဒဏ် ၅ နှစ်ချ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!