BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU ထိန်းချုပ်နယ်မြေထဲ...
သတင်းအတု

KNU ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေသူတွေ သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

လူမှု့ကွန်ယက်ပေါ်မှာ KNU ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေသူတွေကို သူလျှိုလို့ စွတ်စွဲပြီး သတ်ဖြတ်ထားတယ် ဆိုတဲ့ ဝါဒဖြန့် သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 March 2021 9:35 PM IST
  • KNU ထိန်းချုပ်နယ်မြေထဲ တိမ်းရှောင်နေသူတွေ သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Kyaw Gyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မတ်လ ၂၄ ရက် ၂ နာရီ ၂၁ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "KNU တပ်မဟာ 5 နယ်မြေတွင် CDM. CRPH ပြသနာဖြင့်ထွက်ပြေး တိမ်းရှောင်နေသော လူ 1000 ကျော်ရှိသည် အနက် ၁၀၀ ကျော်အား တပ်မတော်၏ သူလျိူဟု နာမည်တပ် ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ရာ အယောက် 40 ကျော် အသတ်ခံရပြီပြီဟုသိရ" (သတ်ပုံမူရင်းအတိုင်း) လို့ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါး ရှိနေပါတယ်။ မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    Ko Gyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးတင်ထားတဲ့ KNU နယ်မြေထဲကို ထွက်ပြေးတိမ်းရှောင်နေသူ ၁၀၀၀ ကျော်ထဲက ၄၀ ကျော် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားသက်သက် ဖြစ်ကြောင်း တွေ့ရပါတယ်။

    စစ်တပ်က ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကြောင့် KNU ထိန်းချုပ်နယ်မြေထဲ ရောက်ရှိနေသူ တစ်ဦးက ၎င်းတို့အားလုံးကိုလုံခြုံမှု အပြည့်အဝပေးထားကြောင်း ရောက်ရှိနေသူ အားလုံးလုံခြုံကြောင်း ဒီအကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ကြောင်း ပြောပါတယ်။

    KNU ဘက်ကလည်း၎င်းတို့ထံ ထွက်ပြေးတိမ်းရှောင်လာသူတွေကို လုံခြုံမှု အပြည့်အဝပေးထားကြောင်း မီဒီယာတွေကနေ မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီဖြန့်ဝေမှုဟာ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ကြောက်စိတ်ဝင်အောင် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    Tags

    Fake newsfleeingKNU-controlled areasCRPHCDMCoup
    Read Full Article
    Claim :   Ko Gyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးတင်ထားတဲ့ KNU နယ်မြေထဲကို ထွက်ပြေးတိမ်းရှောင်နေသူ ၁၀၀၀ ကျော်ထဲက ၄၀ ကျော် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!