BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • WFP က...
သတင်းအတု

WFP က ဆန်တွေအိမ်အရောက်ပို့ပေးတယ်ဆိုတဲ့ သတင်းအတု

ဆန်အခက်အခဲရှိသူတွေအနေနဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ ဖုန်းဆက် အကူအညီတောင်းပါက အိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမယ်ဆိုသတင်းအမှားတွေလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  16 Aug 2021 4:56 PM IST
  • WFP က ဆန်တွေအိမ်အရောက်ပို့ပေးတယ်ဆိုတဲ့ သတင်းအတု

    ဒီလိုဖြန့်ဝေမှုတွေကို ဇွန်လ ၈ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး WFP က လှိုင်သာယာမြို့နယ်အတွင်း ထိခိုက်လွယ်သူ လူဦးရေပေါင်း ၃၃၄,၀၀၀ ကို စားနပ်ရိက္ခာထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ တွဲကာ "ဆန်အခက်အခဲရှိသူများ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) Hotline +95 9 883005667 ထံဖုန်းဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်းနဲ့ အိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမှာဖြစ်ကြောင်း" ဖြည့်စွက်ကာ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး WFP ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက WFP အနေနဲ့ ဒီလိုဖုန်းဆက်အကူအညီ တောင်းခံပြီး ရရှိနိုင်တဲ့ ထောက်ပံ့မှုမျိုးလုပ်လေ့မရှိကြောင်း၊ ဆက်သွယ်လာသူတွေကိုလည်း အထိုက်အလျောက် ပြန်လည်ဖြေရှင်းနေကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

    United Nations Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ မူရင်းပိုစ့်မှာလည်း ဖုန်းဆက် အကူအညီတောင်းပါကအိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမယ်ဆိုတဲ့အချက်ထည့်သွင်းရေးသားထားခြင်း မရှိတာကိုတွေ့ရပါတယ်။ အောက်ပါပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


    United Nations Myanmar ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အထက်ပါထုတ်ပြန်ချက်မှာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း ၃၃၄,၀၀၀ အတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ ဖြန့်ဝေခဲ့ကြောင်း၊ မကြာမီ ရန်ကုန်တိုင်း‌‌ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ကိုလည်း အလားတူအထောက်အပံ့တွေ ပေးအပ်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

    Tags

    rice rationsHotlineစားနပ်ရိက္ခာအထောက်အပံ့စားနပ်ရိက္ခာ
    Read Full Article
    Claim :   ဆန်အခက်အခဲရှိသူတွေအနေနဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သို့ ဖုန်းဆက် အကူအညီတောင်းပါက အိမ်တိုင်ရာရောက် အခမဲ့ပို့ပေးမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!