BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်းဥပဒေကြောင့်...
သတင်းအတု

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ပြေးရင် ပစ်သတ်ဖို့ အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအတု

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပြေးရင် ပစ်သတ်မိန့် ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Feb 2024 2:48 PM IST
  • စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ပြေးရင် ပစ်သတ်ဖို့ အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Yangon Khit Thit အမည်နဲ့ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ 8 မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရယ်၊ ပြည်သူ့စစ် ဘတ်တံဆိပ် တစ်ခုရယ်၊ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူတွေရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အထူး သတင်းဗျို့ စစ်မှုမထမ်း မနေရ အမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ၊ ပြည်ပပြေးရင် ပစ်သတ်ရန် အမိန့်ထုတ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပြေးရင် ပစ်သတ်မိန့် ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်မှုထမ်း ဥပဒေကြောင့် နိုင်ငံခြားကို အမြန်ထွက်ခွာသူတွေ ပြည်ပနိုင်ငံတွေကို အောက်လမ်းက ထွက်ခွာသူတွေ များစွာ ရှိနေပြီး စစ်ကောင်စီဘက်ကလည်း ပြည်ပထွက်ခွာခွင့် တစ်ချို့ကို တင်းကြပ်လာပါတယ်။ ဒီကာလအတွင်း ရှမ်းပြည်နယ်အတွင်းက တစ်ခြားသော လက်နက်ကိုင်တွေကလည်း လူသစ်စုဆောင်းဖို့ ဖမ်းဆီးထားတဲ့ ဖြစ်စဉ်တွေကလည်း ထွက်ပေါ်နေပါတယ်။

    ပြည်သူကြားမှာ လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး လူငယ်တစ်ချို့ ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းတွေ၊ ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေ၊ ကောလဟာလတွေ နေ့စဉ်ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ပြည်ပကို ထွက်ပြေးရင် ပစ်သတ်မယ်လို့ ပြောထားခြင်း တစ်စုံတစ်ရာတော့ မရှိသေးသလို စစ်တပ်ကလည်း ထုတ်ပြန်ထားခြင်း မရှိပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့် မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsfleeingmilitary service lawshot deadသတင်းအတုစစ်မှုထမ်းဥပဒေပစ်သတ်မိန့်ထုတ်
    Read Full Article
    Claim :   စစ်မှုမထမ်း မနေရ အမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ၊ ပြည်ပပြေးရင် ပစ်သတ်ရန် အမိန့်ထုတ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!