BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လွိုင်ကော်အကျဉ်းထောင်ကို PDF တွေ...
သတင်းအတု

လွိုင်ကော်အကျဉ်းထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားတွေ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

ကရင်နီပြည်နယ်က လွိုင်ကော်အကျဉ်းထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားတွေ အကုန်ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2023 5:30 PM IST
  • လွိုင်ကော်အကျဉ်းထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားတွေ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပ ၉ မိနစ် ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ လွိုင်ကော်အကျဉ်းထောင် ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ် တစ်ခြား မီးလောင်နေတဲ့ ဓါတ်ပုံတွေနဲ့ သတင်းကြေညာနေတဲ့ပုံစံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၁ ရက် မနက်ခင်း သတင်း၊ လွိုင်ကော်အကျဉ်းထောင် PDF ဝင်စီး၊ ထောင်သားအကုန် ထွက်ပြေးကုန်ပြီဟေ့၊ စစ်ခွေး ၄၀ ဦးနဲ့ ထောင်မှူး ၅ ဦးသေဆုံး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်နီပြည်နယ်က လွိုင်ကော်အကျဉ်းထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားတွေ အကုန်ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    လွိုင်ကော်အကျဉ်းထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အကျဉ်းထောင်ကိုတော့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်နိုင်ခြင်း မရှိသလို အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားခြင်းလည်း မရှိပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့် သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsKNDFKarenniLoikaw Prisoninmatesescapedသတင်းအတုလွိုင်ကော်အကျဉ်းထောင်စစ်ကောင်စီ
    Read Full Article
    Claim :   လွိုင်ကော်အကျဉ်းထောင် PDF ဝင်စီး၊ ထောင်သားအကုန် ထွက်ပြေး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!