BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စလင်းမြို့နယ်မှာ PDF တွေက...
သတင်းအတု

စလင်းမြို့နယ်မှာ PDF တွေက ပြည်သူတွေကို ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတု

စလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြည်သူတွေကို ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 May 2024 8:13 PM IST
  • စလင်းမြို့နယ်မှာ PDF တွေက ပြည်သူတွေကို ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ သေနတ်ကိုင်ထားတဲ့ PDF တွေ၊ ကုန်ကားတွေ ခရီးသည်တင်ကားတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံတွေနဲ့အတူ “စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ အကြမ်းဖက် PDF များကို ပြည်သူတွေကို ဓါးပြတိုက်နေ အရှိန်များသည့်ကားတစ်စီး ချက်ချင်းမရပ်နိုင်သည့်အတွက် PDF များမှ သေနတ်ဖြင့်ပစ်ခတ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့ဘွတ်အကောင့်ပေါင်းများစွာကပါ ထပ်ဆင့်ဖြန့်ဝေ နေကြပါတယ်။

    သတင်း ဆန်းစစ်ချက်

    စလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြည်သူတွေကို ဓါးပြတိုက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီ ဓါတ်ပုံထဲမှာ ပါတဲ့ PDF တွေဟာ မကွေးတိုင်း စလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စလင်း (ပကဖ) တွေဖြစ်ပြီး မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ ဆင်ဖြူကျွန်းမြို့နဲ့ နွယ်တမယ်ရွာ အကြားရှိ စလင်းချောင်းကို ဆက်သွယ်ထားတဲ့ တံတားပေါ်နဲ့ ဆုတ်လေဦး မှာ ဒေသခံပြည်သူတွေ အားပေးစကား ပြောကြားကာ လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့တဲ့ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။

    PDF တပ်ဖွဲ့တွေက စလင်းမြို့နယ် နယ်နိမိတ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတွေကို တော်လှန်ရေးအဖွဲ့တွေ လုံခြုံရေး စစ်ဆေးရာမှာ ပူးပေါင်းပါဝင်ဖို့နဲ့ မြို့ပြင် လမ်းပိုင်း မောင်းနှင်ရာမှာ မှန်ချမောင်းနှင်ဖို့နဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးရာကနေ မောင်းနှင်ဖို့လည်း ထုတ်ပြန်ထားပါတယ်။

    စလင်း (ပကဖ) အဖွဲ့တွေ လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPeople defense forcePDFRobbingသတင်းအတုစလင်း (ပကဖ)စစ်ကောင်စီအာဏာသိမ်းဓါးပြတိုက်
    Read Full Article
    Claim :   စလင်းမြို့နယ် ဆင်ဖြူကျွန်းမှာ PDF များက ပြည်သူတွေကို ဓါးပြတိုက်နေ
    Claimed By :  Telegram, Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!