BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရေဘေးထောက်ပံ့ရေး ပစ္စည်းတွေထဲ...
သတင်းအတု

ရေဘေးထောက်ပံ့ရေး ပစ္စည်းတွေထဲ မိုင်းထည့်ပြီးဖောက်ခွဲနေတယ်လို့ စစ်လော်ဘီတွေ သတင်းအတုဖြန့်

ရေဘေးကလနောက်ပိုင်း ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေလုပ်နေရတဲ့ကာလမှာပြည်သူ့ကာကွယ်ရေး တပ်တွေက ရေဘေးထောက်ပံ့ရေး ပစ္စည်းတွေထဲ မိုင်းတွေထည့်ပြီး ဖောက်ခွဲနေတယ်လို့ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတဲ့အကြောင်အရာတွေပေါ်ထွက်လာပါတယ်။

By - Boom Live Myanmar |
Published -  7 Oct 2024 6:54 PM IST
  • ရေဘေးထောက်ပံ့ရေး ပစ္စည်းတွေထဲ မိုင်းထည့်ပြီးဖောက်ခွဲနေတယ်လို့ စစ်လော်ဘီတွေ သတင်းအတုဖြန့်

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက စတင်ဖြန့်ဝေလာကြတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ၎င်းတို့နဲ့ဆက်စပ်နေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျုပလက်ဖောင်းတွေမှာပါ ဖြန့်ဝေလာတာတွေ့ရပါတယ်။

    ရေးထားတဲ့အကြောင်းအရာတွေထဲမှာ “အကြမ်းဖက် PDF များမှ ရေဘေးထောက်ပံ့ရေး ပစ္စည်းများအတွင်း၌ မိုင်းများထည့်ကာ ဖောက်ခွဲမှုများ ပြုလုပ်နေသည့်အတွက် ပရဟိတအဖွဲ့များမှ ထောက်ပံ့ပစ္စည်းများ လက်မခံတော့ကြောင်း သိရ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ PDF တွေရဲ့ အောက်တန်းကျတဲ့လုပ်ရပ်ကြောင့် ရေဘေးသင့်ပြည်သူတွေ ဒုက္ခရောက်ကြတော့မယ်ဆိုတဲ့ မှတ်ချက်မျိုးတွေနဲ့ ထပ်မံဖြန့်ဝေကြတာဖြစ်ပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကပါ ဖြန့်ဝေထားကြတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်ရှိဖြန့်နေတဲ့အကြောင်းအရာတွေမှာ ရေဘေကုနေရတဲ့သူတွေ ပိုမိုအကျပ်တွေ့စေဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆင်နေသူတွေအတွက် အဟန့်အတားဖြစ်စေနုင်တဲ့ရည်ရွ်ချက်နဲ့လုပ်ဆောင်တာမျိုးတွေတွေ့ရပါတယ်။

    ဒီသတင်းအမှားဟာ စက်တင်ဘာ ၃၀ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း၊ ကမ်းနားလမ်း၊ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မှတ်ပုံတင် Smart Card ပြုလုပ်နေကြစဉ် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် အခြေခံပြီး ထွက်ပေါ်လာတဲ့ သတင်းအပေါ်အခြေခံပြီး မဆိုင်တဲ့အကြောငးအရနဲ့ချိတ်ဆက်ဖြန့်ဝေနေတာတွေ တွေ့ရပါတယ်။ အဲ့ဒီ ဗုံးပေါက်ကွဲမှုကို PDF တွေက ရေဘေးကယ်ဆယ်ရေဘေး ကယ်ဆယ်ရေးပစ္စည်းအဖြစ်ပို့ပြီး အဆိုပါအုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေ ဝါဒဖြန့်ပေးနေတဲ့ Website တစ်ခုမှာ ဖော်ပြထားပါတယ်။

    မြန်မာတစ်နိုင်လုံး ရေးကြီးမှုမှာတော့ PDF တွေ ရေဘေးပစ္စည်းတွေနဲ့ ဗုံးဖောက်ခွဲမှု ဖြစ်စဉ်တွေ ထပ်မရှိပါဘူး။ ဒီကာလထဲ ပေါက်ကွဲမှုတွေထဲ ကြည့်မြင့်တိုင်က အုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲတဲ့ဖြစ်စဉ်သာ ရှိပါတယ်။ အဲ့ဒီအပ် ရေဘေးထောက်ပံ့ရေးလုပ်ဆောင်တဲ့ ကာလအတွင်းမှာ တခြားပေါက်ကွဲမှုမျိုမရှိသလို ပရဟိတ အဖွဲ့တွေက PDF တွေဆီက ရေဘေးအလှူခံတွေ လက်ခံဖို့ ငြင်းဆိုတယ်ဆိုတဲ့ သတင်းဖြစ်စဉ်မျိုးတောင်ပေါ်ထွက်လာခြင်းမျိုးမရှိသေးပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဘယ်သူဘယ်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ ဒီလိုအကြောင်းအရာတွေကို စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြန့်တဲ့အုပ်စုတွေနဲ့ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့အဖွဲ့တွေက သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryPDFsminesflood relief suppliesDonationသတင်းအတုရေဘေးထောက်ပံ့ရေးဗုံးပေါက်ကွဲစစ်ကောင်စီ
    Read Full Article
    Claim :   PDF များမှ ရေဘေးထောက်ပံ့ရေး ပစ္စည်းများအတွင်း၌ မိုင်းများထည့်ကာ ဖောက်ခွဲမှုများ ပြုလုပ်နေသည့်အတွက် ပရဟိတအဖွဲ့များမှ ထောက်ပံ့ပစ္စည်းများ လက်မခံတော့ကြောင်း သိရ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!