BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၅၀၀ တန် ထမင်းဆိုင်တွေကို PDF တွေက...
သတင်းအတု

၅၀၀ တန် ထမင်းဆိုင်တွေကို PDF တွေက ဗုံးခွဲမယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နာမည် သုံးပြီး ၅၀၀ တန် ထမင်းဆိုင်တွေကို ဗုံးခွဲဖို့ ပြောထားတဲ့ သတင်းအမှားအကြောင်းအရာတွေ ဒီရက်ပိုင်းထဲ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  13 Dec 2021 6:41 PM IST
  • ၅၀၀ တန် ထမင်းဆိုင်တွေကို PDF တွေက ဗုံးခွဲမယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ PDF နာမည်နဲ့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက တင်ထားတဲ့ Screen Shot ကို ပြန်တင်ပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

    အဆိုပါ Screen Shot ထဲမှာ "စစ်ကောင်စီကို ဝိုင်းရန်နေတဲ့ ၅၀၀ တန် ထမင်းဆိုင်တွေကို ဗုံးခွဲတိုက်ခိုက်ကြ PDF" လို့ ရေးသားထားပါတယ်။ ဒီ Screen Shot ပုံကို ဖြန့်ဝေရာမှာ ၅၀၀ တန် ထမင်းဆိုင်တွေကို NLD လော်ဘီတွေနဲ့ PDF တွေက မိုင်းခွဲဖို့ ချောင်းနေကြကြောင်း၊ အဆိုပါ ထမင်းဆိုင်တွေဟာ စစ်ကောင်စီကို ထောက်ခံဝန်းရံတဲ့အတွက် NLD ထောက်ခံသူတွေ အမြင်မကြည် ကြကြောင်း၊ ပြည်သူများ သက်သာစွာ စားနိုင်တာကို ဝမ်းသာမှု မရှိကြကြောင်း မှတ်ချက်အမျိုးမျိုး ရေးသားကာ ဖြန့်ဝေနေကြပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှနေသလို ကူးယူဖော်ပြနေသူပေါင်း များစွာလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ၅၀၀ တန် ထမင်းဆိုင်တွေကို ဗုံးခွဲဖို့ PDF နာမည် သုံးထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ PDF နာမည်သုံးထားတဲ့ ဖေ့စ်ဘွတ်အကောင့်တု သွေးထိုးလှုံ့ဆော်ဖို့ ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    ၎င်းတို့ ပြုလုပ်ထားတဲ့ Screen Shot ဟာ PDF တွေကို အထင်အမြင်လွဲစေဖို့ Account တု ပြုလုပ်ကာ ဖြန့်ဝေနေကြခြင်းသာ ဖြစ်ပါတယ်။ နှစ်ချီရိုက်ခတ်ခဲ့တဲ့ ကိုဗစ်ဒဏ်နဲ့ စစ်ကောင်စီရဲ့အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ကျပ်တည်းနေတဲ့ကာလမှာ စရိတ်သက်သက်သာသာနဲ့ ချက်ပြုတ်ရောင်းချတဲ့ ၅၀၀ တန် ထမင်းဆိုင်တွေဟာ ဒီနှစ်ကုန်မှာပေါ်ထွက်ခဲ့ပါတယ်။ မြောက်ဒဂုံမြို့နယ်မှာ စတင်ခဲ့တဲ့ ငါးရာကျပ်တန်ဇလုံထမင်းဆိုင်ဟာ တမဟုတ်ချင်းလူသိများခဲ့သလို အလားတူပုံစံလိုက်လံရောင်းချကြတဲ့ဆိုင်တွေအမြောက်အများ နိုင်ငံအဝှမ်းမှာပေါ်ပေါက်ခဲ့ပါတယ်။

    ဒီနောက်ပိုင်းမှာတော့ ဒီထမင်းဆိုင်တွေဟာ စစ်ကောင်စီကိုအားပေးထောက်ခံသူအုပ်စုတွေလုပ်ကိုင်တယ်ဆိုတဲ့ အကြောင်အရာတချို့ပျံ့နှံ့လာခဲ့ပါတယ်။ လူမှုကွန်ယက်သုံးစွဲသူ တစ်ယောက်ကစတင်ရေးသားတဲ့အကြောင်းအရာမှာ ၅၀၀ တန် ထမင်းဆိုင်တွေရဲ့ အပြင်အဆင်ဟာ အပြာရောင် အသုံးအဆောင်တွေ အသုံးပြုထားတဲ့အတွက် သတိထားသင့်ကြောင်း ၎င်း ထမင်းဆိုင် Page တွေရဲ့ အရေးအသားဟာ စစ်အုပ်စုရဲ့ အာဘော်ဖြစ်တာကြောင့် လူထုကြား ပရဟိတ အကြောင်းပြကာ ခြေကုပ်ယူဖို့ ကြိုးစားလာတာ ဖြစ်နိုင်ကြောင်း ရေးသားမှု တစ်ချို့ရှိပေမယ့် ခိုင်လုံတဲ့ အထောက်အထားပြနိုင်ခြင်း မရှိဘဲရေးသားထားတာ တွေ့ရပြီး ၎င်းရေးသားမှုကို စစ်ကောင်စီထောက်ခံသူတွေက ပုံစံအမျိုးမျိုး ခေါင်းစဉ်တပ်ပြီး ထပ်မံဖြန့်ဝေနေကြတာလည်း တွေ့ရပါတယ်။

    ဒီလိုအကြောင်းအရာတွေပျံ့နှံ့လာပြီးနောက်မှာတော့ အဲ့ဒီဆိုင်တွေကို PDF တွေက ဗုံးခွဲမယ်ဆိုတဲ့ သတင်းတုတွေဆက်တိုက်ထွက်ပေါ်လာပါတယ်။ PDF တွေနဲ့ပတ်သက်လို့ ဖြန့်ဝေကြတဲ့သတင်းအမှားတွေထဲမှာ လူထုအထင်အမြင်လွဲစေဖို့ ရည်ရွယ်ဖြန့်ဝေတဲ့အကြောင်းအရာတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ဆက်တိုက်ပေါ်ထွက်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေထဲမှာ PDF တွေအချင်းချင်းလိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုတဲ့ သတင်းအမှားတွေအပါအဝင် တခြားသောသတင်းတွေကို Boom က စိစစ်ခဲ့ပါသေးတယ်။

    လက်ရှိဖြန့်ဝေတဲ့ အဆိုပါဆိုင်တွေကို ဗုံးခွဲမယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ရင် တရားဝင် PDF အဖွဲ့အစည်းတွေရဲ့ ပေ့ချ်တွေနဲ့ သတင်းအချက်အလက်ဖြန့်ဝေတဲ့နေရာတွေမှာကြေငြာထားတာမျိုးမရှိခဲ့သလို PDF တွေနဲ့ဆငက်စပ်ပတ်သက်တဲ့အကောင့်တွေ ပေ့ချ်တွေမှာလည်းထွက်ပေါ်လာတာမျိုးမရှိပါဘူး။

    အခုသတင်းအမှား ဖြန့်ဝေသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံတဲ့စာတွေရေးသားကာ NUG ၊ CRPH နဲ့ PDF တွေကို ရည်ရွယ်တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။


    Tags

    PDFBomb attackCRPHMilitaryCoupသတင်းအမှား၅၀၀ တန် ထမင်းဆိုင်စစ်ကောင်စီ
    Read Full Article
    Claim :   ၅၀၀ တန် ထမင်းဆိုင်တွေကို ဗုံးခွဲဖို့ PDF နာမည် သုံးထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!