BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကလေး-ဂန့်ဂေါလမ်းဘေးက ရွာကို PDF...
      သတင်းအတု

      ကလေး-ဂန့်ဂေါလမ်းဘေးက ရွာကို PDF မီးရှို့တယ်ဆိုတဲ့ သတင်းအတု

      ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် PDFများ မီးရှို့ဖျက်ဆီးပြီး အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ် ဆိုတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။။

      By - Boom Live Myanmar |
      Published -  9 Nov 2021 4:21 PM IST
    • ကလေး-ဂန့်ဂေါလမ်းဘေးက ရွာကို PDF မီးရှို့တယ်ဆိုတဲ့ သတင်းအတု

      ဒီအကြောင်းအရာကကို Myo Myat Maung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က နိုဝင်ဘာလ ၇ ရက် နေ့လည် ၁ နာရီခန့်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ Myo Myat Maung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကို ဝင်ရောက်ကြည့်ရှု့ရာ စစ်တပ်ထောက်ခံပြီး NUG အစိုးရ၊ NLD ပါတီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် သတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်နေတဲ့ အကောင့်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေရာမှာ "ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် PDFများ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆ လုံးနှင့် ကြက်ခြံနှစ်ခြံ လောင်ကျွမ်းပြာကျခဲ့ကြောင်း၊ အမျိုးသမီးတွေကိုလည်း မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်းနဲ့ အကြမ်းဖက် PDF ဝင်ရောက်မှုကြောင့် တစ်ရွာလုံးတိမ်းရှောင်နေရကြောင်း" တွေ ရေးသားထားပါတယ်။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတဲ့ "ကလေး-ဂန့်ဂေါလမ်းဘေးက ရွာကို PDF မီးရှို့ဖျက်ဆီး" ဆိုတဲ့ သတင်းဟာ ခေတ်သစ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားကာ ပုံဖျက်ဖြန့်ဝေနေတဲ့ သတင်းအတုပဲ ဖြစ်ပါတယ်။

      မူရင်းသတင်းကို ခေတ်သစ်မီဒီယာမှာ "ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် ဖက်ဆစ်စစ်တပ် မီးရှို့ဖျက်ဆီး" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


      အထက်ပါပုံမှာ တွေ့ရတဲ့အတိုင်း မူရင်းသတင်းကို ပြင်ဆင်ရေးသားကာ "ဖက်ဆစ်စစ်တပ်" ဆိုတဲ့ နေရာမှာ "အကြမ်းဖက် PDF" လို့ ပြင်ဆင်ကာ သတင်းမှာ မပါတဲ့ "အမျိုးသမီးများအားမုဒိမ်းကျင့်သတ်ဖြတ်" ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးသားကာ ပုံဖျက်ရေးသားထားတာ ဖြစ်ပါတယ်။

      ခေတ်သစ်မီဒီယာမှာ ဖော်ပြထားခဲ့တဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Military Coupmilitary councilsFakenewsကလေး-ဂန့်ဂေါလမ်းမွှေလယ်ကျေးရွာPDF အဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်rapePeople Defense ForceKale-Gangaw roadNUG အစိုးရ၊ NLD ပါတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)
      Read Full Article
      Claim :   ကလေး-ဂန့်ဂေါလမ်းဘေးရှိ မွှေလယ်ကျေးရွာကို အကြမ်းဖက် PDFများ မီးရှို့ဖျက်ဆီးပြီး အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ် ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!