BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နေပြည်တော်ကို အမေရိကန် စစ်ကူနဲ့...
      သတင်းအတု

      နေပြည်တော်ကို အမေရိကန် စစ်ကူနဲ့ ဝင်တိုက်မယ် ဆိုတဲ့သတင်းအတု

      နေပြည်တော်ကို အမေရိကန် စစ်ကူတွေနဲ့ ဝင်တိုက်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ယခုရက်ပိုင်းအတွင်း လူမှကွန်ရက်ပော်မှာပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  12 Sept 2021 10:14 AM IST
    • နေပြည်တော်ကို အမေရိကန် စစ်ကူနဲ့ ဝင်တိုက်မယ် ဆိုတဲ့သတင်းအတု

      အဆိုပါ သတင်းအမှားကို Burmese Daily News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုမှာ တင်ထားတာ ဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ Website သတင်းတစ်ပုဒ်ကို အဲ့ဒီပေ့ချ်မှာ ပြန်ကူးတင်ပြီး "ဒေါက်တာဆာဆာ ကြေငြာလိုက်ပြီ" လို့ ရေးသားထားပါတယ်။ သတင်းကို ပြုလုပ်ရာမှာ ဒေါက်တာဆာဆာရဲ့ ဓါတ်ပုံ ပေါ်မှာ အထူးသတင်းဆိုပြီး "နေပြည်တော်ကို စက်တင်ဘာ ၂၀ ရက် တိုက်ခိုက်မည်" ၊ "US စစ်ကူတေွ ပါလာမည်" လို့ ရေးတင်ထားပါတယ်။ ၎င်း Website ထဲကို သတင်းဝင်ရောက် ဖတ်ရှု့ကြည့်တဲ့အခါ မိနစ် ၃၀ ခန့်ကြာတဲ့ YouTube Video တစ်ပုဒ်ကို ပြန်တင်ထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၃၁၀၀၀ ကျော်နဲ့ မှတ်ချက်ရေးသားသူ ၁၀၀၀ ကျော်ခန့်ရှိကာ ထပ်ဆင့်ဝေမျှသူ ၃၀၀၀ နီးပါး ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      Burmese Daily News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေထားတဲ့ နေပြည်တော်ကို အမေရိကန်စစ်ကူတွေနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဝင်တိုက်မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်ကြောင်း တွေ့ရပါတယ်။

      ၎င်းရေးသားထားတဲ့ အကြောင်းအရာကို ဒေါက်တာဆာဆာကလည်း ပြောဆိုထားခြင်း မရှိသလို မည်သည့် သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။

      ဒါ့အပြင် အဲ့ဒီ Website မှာ တင်ထားတဲ့ Youtube Video ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဒေါက်တာဆာဆာ မဟုတ်ဘဲ တခြားဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဦးက လူမှုကွန်ယက်ပေါ် Live လွင့်ပြီး ပြောကြားထားတဲ့ Video ကို တင်ထားတာ တွေ့ရပါတယ်။


      သတင်းအမှား ဖြန့်ထားတဲ့ Website ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာထားတဲ့ သတင်းတွေတင်ဆက်ကာ Google က ပြန်ပေးတဲ့ Instant Article နဲ့ ဝင်ငွေ ရှာနေတဲ့ Website ဖြစ်တာကို တွေ့ရပါတယ်။


      Tags

      Fake newsNUGPDFMilitaryCoupUS troopsသတင်းအတုအမေရိကန်စစ်ကူစစ်ကောင်စီ
      Read Full Article
      Claim :   Burmese Daily News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေထားတဲ့ နေပြည်တော်ကို အမေရိကန်စစ်ကူတွေနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဝင်တိုက်မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!