BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဝက်သားအစိမ်းစားတဲ့ ထိုင်းအမျိုးသမီး...
သတင်းအတု

ဝက်သားအစိမ်းစားတဲ့ ထိုင်းအမျိုးသမီး ခန္ဓာကိုယ်မှာ သန်ကောင်တွေ တွေ့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ထိုင်းအမျိုးသမီးတစ်ဦးကို ဓာတ်မှန်ရိုက်ကြည့်ရာ ခန္ဓာကိုယ် တစ်ခုလုံးမှာ သန်ကောင်တွေ တွေ့ရပြီး ဒါဟာ ရွာဓလေ့ ထုံးစံအရ ဝက်သားအစိမ်းစားလို့ ဖြစ်တာဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  17 July 2025 9:05 PM IST
  • ဝက်သားအစိမ်းစားတဲ့ ထိုင်းအမျိုးသမီး ခန္ဓာကိုယ်မှာ သန်ကောင်တွေ တွေ့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ညို လုံး ဦး ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် လူခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်ထားတဲ့ ပုံတစ်ပုံနဲ့အတူ '(အရေးကြီးသတင်း) ထိုင်းကမိန်းမတယောက် ကိုယ်ထဲမှာ မရိုးမရွဖြစ်လာလို့ ဆေးရုံပြေးတော့... စစ်ဆေးတွေ့ရှိချက်တွေအရ။ တကိုယ်လုံး သန်ကောင်အသေးလေးတွေ သွားလာလှုပ်ရှားနေကြသတဲ့။ အကြောင်းရင်းရှာကြည့်တော့။ ထိုင်းမ နေတဲ့ ရွာက ဓလေ့ထုံးစံကဝက်သားအစိမ်း ချဉ်စပ် အရည်နဲ့ စားကြသတဲ့။ ဝက်က မြေကြီးထဲကတွေ့တာအကုန်စားတယ်၊ သန်ကောင်ဥတွေပါစားတယ်။ သူ့ကိုယ်ထဲ သန်ကောင်ပေါက်လေးတွေ ပေါက်ဖွားတယ်။ မျက်စေ့နဲ့မမြင်နိုင်ဘူး။ အစိမ်းစားသူ ခန္ဓာထဲရောက်ပြီး ပွားကြတယ်၊ အီးပါရင် မြေကြီးထဲပြန်ရောက်၊ ဝက်က စား၊ ဒီလိုနဲ့ သံသရာလည်ကြတာ။ ဝက်သားစားရင် ကျက်အောင်ချက်စားကြပါ။ ဟင်းသီးဟင်းရွက် အစိမ်းစားရင်လည်း ဆားရည် ရှာလကာရည်နဲ့စိမ်ပါ ဆေးပါ။ သန်ကောင်က ခေါင်းထဲရောက်လို့ မသေခဲ့ရင်တောင် ဒုက္ခိတဖြစ်နိုင်တယ်။ သတိထား စားသုံးကြပါ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက်တွေ လွဲမှားနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာဟာ ထိုင်းနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့် အခုဖြန့်ဝေနေမှုနဲ့တော့ ကွဲပြားပါတယ်။

    ဒီဓာတ်မှန်ပုံကို ထိုင်းနိုင်ငံ Phran Kratai ခရိုင်မှာ ရှိတဲ့ Phran Kratai ဆေးရုံက Kwang Volemage ဆိုတဲ့ ထိုင်းဆရာဝန်မ တစ်ဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့က ဖေစ့်ဘွတ်မှာ သူ့ရဲ့ လူနာတစ်ဦးမှာ ဝက် တိပ်ပြားသန်ကောင် တွေ့ရှိတယ်ဆိုပြီး ပိုစ့်တင်ခဲ့ပါတယ်။


    ထိုင်းစာနဲ့ ရေးတင်ထားတဲ့ ပိုစ့်ကို ဘာသာပြန်ကြည့်ရာ အသက်ရှူရခက်၊ လည်ချောင်းထဲမှာ ချွဲရှိနေ၊ အောက်ဆီဂျင် ၉၈%၊ လည်ချောင်းအတွင်း ရောင်ရမ်းမှုမရှိ။ ငါ့စိတ်ထဲမှာ အဆုတ်ဓာတ်မှန် ရိုက်ဖို့ ပြင်ထားလိုက်တယ်။ ဓာတ်မှန်ရိုက်တဲ့ ရလဒ်ထွက်လာပြီ လို့ ရေးသားထားပါတယ်။

    သူ့ရဲ့ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အောက်တိုဘာ ၄ ရက်နေ့မှာ ဒေါက်တာ Kwang Volemage က နောက်ထပ်ပိုစ်တစ်ခုထပ်တင်ပြီး ရောဂါဘာကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ အကြောင်းကို ရေးသားထားပါတယ်။

    သူမရဲ့ ရေးသားချက်ကို ထိုင်းဘာသာကနေ ဘာသာပြန်ဆိုကြည့်ရာမှာ ‘ကုသခြင်းထက် ကာကွယ်တာက ပိုကောင်းပါတယ်။ Cysticercosis ဆိုတဲ့ သန်ကောင်ပိုးရောဂါဖြစ်တဲ့ လူနာတွေကို မေးကြတဲ့ အဓိကအချက်တစ်ခုက အစားအစာသန့်ရှင်းမှု (hygiene) ဖြစ်ပါတယ်။ မကြာခန လူနာတွေကို မေးတာက မကျက်သေးတဲ့ ဝက်သားစားဖြစ်လားလို့ မေးလေ့ရှိပါတယ်။ လူနာအများစုက မစားဘူး လို့ ဖြေပါတယ်။ ငါတွေ့တဲ့ လူနာထဲမှာ အံ့အား သင့်စရာ ကောင်းတဲ့အချက်က သူက သက်သက်လွတ်စားတာ။ လူနာကဝက်သား အစိမ်းရော၊ အကျက်ရော မစားတဲ့သူ ဖြစ်တဲ့အတွက် သူ့ရောဂါက ဝက်သားက ဖြစ်တာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ အမှန်က သန်ကောင်ပိုးရောဂါက အသီးအရွက်တွေပေါ်မှာ ကပ်နေတဲ့ သန်ကောင်ဥတွေ စားသုံးတာကြောင့် ဖြစ်တာ။ အထူးသဖြင့် သေချာဆေးကြော မထားတဲ့ အသီးအရွက်တွေ၊ ဟင်းသီးဟင်းရွက်တွေကြောင့်လည်း ဖြစ်တတ်တယ်’ လို့ ရေးသားထားပါတယ်။


    ဒေါက်တာ Kwang Volemage ထပ်မံဖြန့်ဝေထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေတဲ့ ဓာတ်မှန်ပုံထဲက သန်ကောင်တွေ ခန္ဓာကိုယ်အနှံ့ တွေ့ရတဲ့ ပုံဟာ မှန်ကန်ပေမယ့် လူအများ စိတ်ဝင်စားဖို့ ရေးသားထားတဲ့ အကြောင်းအရာ စတိုရီကတော့ လိုရာဆွဲရေးသားထားတာသာ ဖြစ်ပါတယ်။

    ဒီဓာတ်မှန်ပုံထဲမှာ တွေ့ရတဲ့ သန်ကောင်တွေဟာ ဝက်သားစားလို့ ဖြစ်တယ်ဆိုတာထက် သန်ကောင်ဥတွေ ကပ်ငြိနေတဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာ မဆေးကြောပဲ စားသုံးတဲ့အတွက် ဖြစ်တာလို့ စတင်ဖြန့်ဝေထားတဲ့ ထိုင်းဆရာဝန်မ ဒေါက်တာ Kwang Volemage က ပိုစ့်တစ်ခု ထပ်တင်ပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာ အမှားကို David Attenborough Fans ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာပါ။

    ခုဖြန့်ဝေသူတွေက ဒီပိုစ့်က စာတွေကို ဘာသာပြန်ပြီး မြန်မာဘာသာစကားနဲ့ ထပ်မံဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။


    David Attenborough Fans ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ ဖြန့်ဝေထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေနေတဲ့ Hello Sayarwon ဝက်ဆိုက်မှာလည်း တိပ်ပြားသန်ကောင်တွေဟာ ဝက်သားစားတာ တစ်မျိုးတည်းကြောင့် ဖြစ်ပွားတာ မဟုတ်ပဲ မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေတွေကို စားသောက်မိရင်လည်း ဖြစ်ပွားနိုင်တယ်လို့ ရေးသားထားပါတယ်။


    မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေတွေထဲမှာ သန်ကောင်ဥတွေနဲ့ သားလောင်းတွေ ပါဝင်တတ်ပြီး ခန္ဓါကိုယ်ထဲသို့ အူလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်နိုင်တယ်လို့ ရေးသားထားပါတယ်။

    Hello Sayarwon ဝက်ဆိုက်မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    တိပ်ပြားသန်ကောင်တွေဟာ ဝက်သားစားတာ တစ်မျိုးတည်းကြောင့် ဖြစ်ပွားတာ မဟုတ်ဘူး ဆိုပေမယ့်လည်း ဝက်သားဟာလည်း ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အသားတော့ မဟုတ်ပါဘူး။

    ဝက်သားဟာ မြန်မာလူမျိုးတွေ အလွန်ကြိုက်တဲ့ အသားဖြစ်ပေမယ့် ဝက်သားဟာ ကျန်းမာရေးကို အကျိုးမပြုတဲ့ အသားတစ်ခုဖြစ်တယ်လို့ Hello Sayarwon ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ဝက်သားဟာ ရောဂါပိုးတွေ အများဆုံးသယ်ထားပြီး အညစ်ပတ်ဆုံးအသားဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဝက်ဆိုတဲ့ အကောင်ဟာ တွေ့သမျှ အကုန်စားတဲ့ သတ္တဝါဖြစ်ပြီး စားလိုက်သမျှ အစားအစာတွေကိုလည်း ကောင်းကောင်း မချေပေးတဲ့ ဝက်ရဲ့အစာခြေစနစ်ကြောင့် စားသမျှ လူတွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေက ဝက်အဆီထဲမှာ အများဆုံး စုနေတတ်တယ်လို့ ရေးသားထားပါတယ်။

    Hello Sayarwon ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ 'ဝက်သား စားခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ' ဆိုတဲ့ အကြောင်းအရာကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    ကျန်းမာရေးဗဟုသုတအမှားကျန်းမာရေးအသိပညာပေးFakenewsသတင်းမှားအချက်အလက်အမှား
    Read Full Article
    Claim :   ဓာတ်မှန်မှာ တွေ့ရတဲ့ ခန္ဓာကိုယ် တစ်ခုလုံးက သန်ကောင်တွေဟာ ဝက်သားအစိမ်းစားခြင်းကြောင့် ဖြစ်တာလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!