BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာကို US စစ်သား ၅၀၀၀ ကျော်...
သတင်းအတု

မြန်မာကို US စစ်သား ၅၀၀၀ ကျော် စေလွတ်ပြီဆိုတဲ့ သတင်းအတု

မြန်မာနိုင်ငံကို အမေရိကန်စစ်သား ၅၀၀၀ ကျော်စေလွတ်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Feb 2023 12:18 PM IST
  • မြန်မာကို US စစ်သား ၅၀၀၀ ကျော် စေလွတ်ပြီဆိုတဲ့ သတင်းအတု
    Listen to this Article

    အဆိုပါ သတင်းအတုကို Record Esports ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ် တွဲတင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်ရဲ့ ဓါတ်ပုံရယ် အမေရိကန် စစ်သားတွေ ပါဝင်တဲ့ ဓါတ်ပုံရယ်အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ မြန်မာကို စစ်ရေးအကူအညီပေးဖို့ အမေရိကန် စစ်သား ၅၀၀၀ ကျော် စေလွှတ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါ ရေးသားဖြန့်ဝေမှုအတိုင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို Like လုပ်ထားသူ ၁၆၀၀၀ ဝင်ရောက်ကြည့်ရှု့ထားသူ ၅ သိန်းကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာကို အမေရိကန်စစ်သား ၅၀၀၀ ကျော် စေလွတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Cobra-Gold လို့ အမည်ပေးထားတဲ့ ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှာဖြစ်ပြီး အမေရိကန်စစ်သား ၆၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိသလို အဆိုပါ စစ်သားတွေဟာ မြန်မာနိုင်ငံကို ရောက်ရှိနေခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားသူတွေကသာ လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှားတင်ထားတဲ့ Video ထဲမှာလည်း အမေရိကန်စစ်သားတွေ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်လို့ ဖော်ပြထားခြင်းမရှိပါဘူး။ ထိုင်း-အမေရိကန် စစ်ရေး လေ့ကျင့်မှုပြုလုပ်မယ့် သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီးကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsUS soldiers2023 Cobra GoldMilitary CoupMyanmarPDFNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်းထိုင်း-အမေရိကန်စစ်ရေးလေ့ကျင့်
    Read Full Article
    Claim :   မြန်မာကို US စစ်သား ၅၀၀၀ ကျော် စေလွတ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!