BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန် တစ်ဒေါ်လာ တကယ်ပဲ...
သတင်းအတု

အမေရိကန် တစ်ဒေါ်လာ တကယ်ပဲ ခြောက်ထောင်ကျော်ဖြစ်သလား

ကမ္ဘာ့ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံ ကို ငွေကြေးခဝါချတဲ့ နိုင်ငံအဖြစ် အမည်ပျက်စာရင်း သွင်းပြီး နာရီပိုင်းအတွင်းမှာ ဒေါ်လာစျေးတွေ ၆၀၀၀ ကျော်ထိ ရောက်ရှိသွားတယ်ဆိုတဲ့ သတင်းအတုတွေကိုဖန်တီးဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  24 Oct 2022 6:29 PM IST
  • အမေရိကန် တစ်ဒေါ်လာ တကယ်ပဲ ခြောက်ထောင်ကျော်ဖြစ်သလား

    အဆိုပါ သတင်းအတုကို Freedom News Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "နံနက် ၁၁ နာရီ အမေရိကန် တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်ဟု Freedom News မှ ရန်ကုန်၊ မန္တလေး တို့ရှိ ငွေကြေး ဈေးကွက် များမှ တစ်ဆင့် သိရသည်" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀၀ နီးပါးရှိကာ ကူးယူဖော်ပြသူ ထပ်ဆင့်ဝေမျှသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် တစ်ဒေါ်လာရဲ့ ငွေလဲလှယ်နှုန်း ၆၄၀၀ ဖြစ်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    FATF ရဲ့ အမည်ပျက်စာရင်းထဲ မြန်မာနိုင်ငံ ပါဝင်လာပြီးနောက် ညတွင်းချင်း ဒေါ်လာစျေးကစားသူတွေကြောင့် လူမှုကွန်ယက်ပေါ် ဒေါ်လာစျေး အဆမတန်မြင့်တက်နေပြီဆိုတဲ့ ပိုစ့်တွေ ထွက်ပေါ်ခဲ့ပေမယ့် အပြင် ကြိုက်ရောင်းကြိုက်ဝယ် စျေးကွက်မှာ ၃၀၀၀ ခန့်ထိသာရှိပြီး ၅၀၀၀ ကျော် ၆၀၀၀ နဲ့ ဝယ်ယူတဲ့သူ မရှိပါဘူး။

    ဒါ့အပြင် နိုင်ငံတကာ ငွေကြေး စျေးကွက်ဟာ သောကြာညကနေ တနင်္ဂနွေညထိ ပိတ်ထားတာ ဖြစ်တဲ့အတွက် တရားဝင် စျေးဖွင့်တာမျိုးမရှိဘဲ သောကြာနေ့ည အပိတ်စျေး အပြင် တရားဝင်ပေါက်စျေး ထပ်မရှိပါဘူး။ စက်သုံးဆီဆိုင်တွေကလည်း သောကြာနေ့ အပိတ် စျေးအတိုင်းသာ စနေ၊ တနင်္ဂနွေ ၂ ရက်ကို ရောင်းချပေးပြီး စျေးတက်ခြင်း ၊ ကျခြင်း မရှိပါဘူး။ အရင် သီတင်းပတ်တွေတုန်းက စနေ၊ တနင်္ဂနွေ စျေးကွက်ပိတ်ပြီး အခု သီတင်းပတ်မှာတော့ တနင်္လာနေ့ ဒေပါဝလီပိတ်ရက်ကိုပါ စျေးကွက် ပိတ်ထားပါတယ်။

    ဒီလို ပိတ်ရက်တွေ အတွင်းမှာ ဒေါ်လာစျေးကစားသူတွေက ၅၀၀၀ ကျော် ၆၀၀၀ လို့ ပြောနေပေမယ့် ၃၀၀၀ ဝန်းကျင်နဲ့သာ အရောင်းအဝယ်ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။ Freedom News Group ဆိုတဲ့ ပေ့ချ်က တင်ထားသလို ၆၄၀၀ ဆိုတဲ့ စျေးကို လုံးဝ မရောက်ခဲ့ပါဘူး။
    ဒီပေ့ချ်ဟာ အမေရိကန်နိုင်ငံကနေ အသုံးပြုနေတာဖြစ်ပြီး မကြာခဏ သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကလည်း အမေရိကန် တစ်ဒေါ်လာ ငွေလဲနှုန်း ၅၄၀၀ ဖြစ်ပြီဆိုတဲ့ သတင်းအမှား ဖြန့်ခဲ့ပါသေးတယ်။

    Freedom News Group ဆိုတဲ့ပေ့ချ်က ယခင်ဖြန့်ခဲ့ဖူးတဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

    အမေရိကန် တစ်ဒေါ်လာ ၅၄၀၀ ကျပ် ဖြစ်သွားပြီဆိုတဲ့ သတင်းအတု

    Freedom News Group ပေ့ချ်က ရေးသားထားတဲ့ မင်းတပ်မြို့သတင်းအမှား



    Tags

    Fake newsExchange rateCoupMilitaryUSDသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   နံနက် ၁၁ နာရီ အမေရိကန် တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်ဟု Freedom News မှ ရန်ကုန်၊ မန္တလေး တို့ရှိ ငွေကြေး ဈေးကွက် များမှ တစ်ဆင့် သိရသည်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!