BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန် တစ်ဒေါ်လာ ၅၄၀၀ ကျပ်...
သတင်းအတု

အမေရိကန် တစ်ဒေါ်လာ ၅၄၀၀ ကျပ် ဖြစ်သွားပြီဆိုတဲ့ သတင်းအတု

အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေနဲ့ လဲလှယ်နှုန်း ၅၄၀၀ ကျပ်ထိ ရောက်ရှိသွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  3 Sept 2022 9:25 PM IST
  • အမေရိကန် တစ်ဒေါ်လာ ၅၄၀၀ ကျပ် ဖြစ်သွားပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Freedom New Group ဆိုတဲ့ Page က စက်တင်ဘာလ ၁ ရက်နေ့ မနက် ၇ နာရီ ၅၈ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး "အမေရိကန် တစ်ဒေါ်လာ လျှင် မြန်မာ ကျပ်ငွေ ၅၄၀၀ ထိ စျေးပေါက်။ စစ်ဗိုလ်ချုပ်တွေ နေ တဲ့ နေပြည်တော်မှာ ၅၈၀၀ ကျပ် ကျော် ထိ ဈေးပေါက်" လို့ ရေးထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၃၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၄၀၀ ခန့်ရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေက ကူးယူဖော်ပြမှုတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် တစ်ဒေါ်လာရဲ့ ငွေလဲနှုန်းဟာ မြန်မာငွေ ၅၄၀၀ ထိ ရောက်ရှိသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားသက်သက် ဖြစ်ကြောင်းတွေ့ရပါတယ်။

    အောက်တိုလကုန်ခါနီးရက်မှာ ဒေါ်လာစျေးတွေ ဆက်တိုက်ထိုးတက်ခဲ့ပြီး မှောင်ခိုစျေးကွက်မှာ ၄၁၀၀ ခန့်ထိ ထိုးတက်ခဲ့ပါတယ်။ တစ်ချို့ဝယ်ရောင်း ပွဲစားတွေက ၄၃၀၀ လောက်ထိ စျေးခေါ်မှုတွေ ရှိခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ စစ်ကောင်စီက လုပ်ငန်းရှင်တွေဆီ ဒေါ်လာတွေ ပြန်ထောက်ပံ့မယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မနက် စျေးဖွင့်ချိန်ကနေ ညနေ စျေးပိတ်ချိန်ထိ စျေးတွေဆက်တိုက်ကျဆင်းက ၃၀၀၀ ခန့်ထိ ပြန်ကျလာခဲ့ပါတယ်။

    ၃၀၀၀ နီးပါးထိ စျေးပြန်ကျလာတဲ့ စက်တင်ဘာ ၁ ရက်နေ့ စျေးကွက်မဖွင့်ခင် မနက် ၇ နာရီ ၅၈ မှာ Freedom News Group ဆိုတဲ့ပေ့ချ်က ဒေါ်လာစျေး ၅၄၀၀ လို့ တင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပါတ်အတွင်း ရွှေစျေး၊ ဒေါ်လာစျေးတွေကို ဒီနေရာမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။


    သတင်းအမှားဖြန့်ထားတဲ့ Freedom News Group ဆိုတဲ့ပေ့ချ်ဟာ အမေရိကန်နိုင်ငံကနေ ပြည်တွင်းသတင်းတွေကို ပြန်တင်လေ့ရှိပြီး ယမန်နှစ်က သတင်းအမှားပေါင်းများစွာ ဖြန့်ခဲ့တဲ့ Page တစ်ခုလည်း ဖြစ်ပါတယ်။


    Freedom News Group ဆိုတဲ့ပေ့ချ်က ယမန်နှစ်က တင်ထားတဲ့ သတင်းအမှားကို ဒီနေရာမှာ ဖတ်ပါ။








    Tags

    Fake newsExchange rateCoupMilitaryUSDသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   အမေရိကန် တစ်ဒေါ်လာ လျှင် မြန်မာ ကျပ်ငွေ ၅၄၀၀ ထိ စျေးပေါက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!