BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဟားငါးကောင်အဖွဲ့က လူရွှင်တော်တစ်ဦး...
သတင်းအတု

ဟားငါးကောင်အဖွဲ့က လူရွှင်တော်တစ်ဦး စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ထိန်းချုပ်နယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်တွေထံအလင်းဝင်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်ခဲ့ပြီး ဒီသတင်းဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Dec 2022 7:27 AM IST
  • ဟားငါးကောင်အဖွဲ့က လူရွှင်တော်တစ်ဦး စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေး လုပ်ပေးနေတဲ့ အောင်မင်းဆိုသူက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေရာမှာ ဟားငါးကောင် အဖွဲ့ အငြိမ့် ကပြစဉ်က ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ၎င်း ဓါတ်ပုံနဲ့အတူ ဟားငါးကောင်အဖွဲ့က တစ်ဦးက အလင်းဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို၊ မြဝတီက ဟော်တယ်တစ်ခုမှာ အမျိုးသမီးတစ်ဦးနဲ့ အိပ်နေစဉ် စစ်ကောင်စီတပ်တွေက ဖမ်းမိသွားတယ်လို့ သိရကြောင်း အသေးစိပ်ကို ဆက်လက်ဖော်ပြမည်ဖြစ်ကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဟားငါးကောင် လူရွှင်တော်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လိမ်ညာရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားသာဖြစ်ကြောင်း တွေ့ရပါတယ်။

    ဟားငါးကောင် အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ စစ်ကောင်စီထံ အလင်းဝင်ခြင်း မရှိသလို ဖမ်းဆီးခံရခြင်းလည်း မရှိပါဘူး။ ဟားငါးကောင်အဖွဲ့ဟာ လွတ်မြောက်နယ်မြေထဲမှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဟားငါးကောင်အဖွဲ့ရဲ့ ၁၀ နှစ်ပြည့်ခဲ့ကြောင်း အဖွဲ့ရဲ့ Group ဓါတ်ပုံတင်ကာ ၎င်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အငြိမ့်တစ်ခုပြုလုပ်ပြီး တော်လှန်ရေးရဲ့ လိုအပ်တဲ့နေရာတွေကို ကူညီထောက်ပံ့သွားမယ်လို့ ဟားငါးကောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ တိုင်းကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    တိုင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ Aung Min ဆိုတဲ့သူဟာ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးလုပ်ပေးနေတဲ့ Myanmar Hard Talk ဆိုတဲ့ ပေ့ချ်ထောင်ထားသူ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့အကောင့်ကနေ သတင်းအမှားတွေ မကြာခဏဖြန့်ဝေလေ့ရှိပါတယ်။


    Tags

    Fake newscomedianssurrenderedMilitaryCoupစစ်ကောင်စီအာဏာသိမ်းဟားငါးကောင်လူရွှင်တော်အဖွဲ့
    Read Full Article
    Claim :   ဟားငါးကောင်အဖွဲ့က လူရွှင်တော်တစ်ဦး စစ်ကောင်စီထံ အလင်းဝင်
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!