BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU နဲ့ PDF...
သတင်းအတု

KNU နဲ့ PDF နှစ်ဦးတောဆင်ရိုင်းအနင်းခံရတယ်ဆိုတဲ့ သတင်းအတု

ကရင်ပြည်နယ်ထဲမှာ KNU နဲ့ PDF တွေက စားစရာ ရိက္ခာမရှိလို့ မျှစ်သွားချိုးရာမှ တောဆင်ရိုင်းနင်းတာ ခံလိုက်ရတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Jan 2023 7:15 PM IST
  • KNU နဲ့ PDF နှစ်ဦးတောဆင်ရိုင်းအနင်းခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး တောဆင်ရိုင်းတစ်ကောင်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ၎င်း ဓါတ်ပုံနဲ့အတူ "ကရင်ပြည်နယ်မှာ အစာငတ်ပြတ်နေသည့် KNU အကြမ်းဖက်သမား ၁ဦးနှင့် ပဒက်တစ်ဦး တောထဲသို့ မျှစ်ချိုးနေစဥ် တောဆင်ရိုင်း တစ်ကောင်ရောက်လာပြီး နှာမောင်းဖြင့် အားကုန်လွှဲ လိုက်ရိုက်သည့်အတွက် နေမှာပင် ပွဲချင်းပြီးသေဆုံးကြောင်းသိရပါတယ်။ ယခုရက်ပိုင်းအတွင်း တပ်မတော်မှ KNU စခန်းတော်တော် များများကို ချေမှုန်းလိုက်တဲ့ နေစရာနတ္ထိဖြစ်နေသည့်အပြင် စားစရာပါ ငတ်ပြတ်နေကြပါတယ်။ ယခုလည်း ဆင်တွေရဲ့ အစားအစာကို သွားခိုးတဲ့မိတဲ့အတွက် ဆင်မှ သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်" (အသုံးအနှုန်း မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေမှာပါ ဖြန့်ဝေလျက်ရှိပါတယ်။

    ယခုသတင်းအမှားမှာပါဝင်တဲ တောဆင်ရိုင်းအနင်းခံရတဲ့ သတင်းဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘူးသီးတောင်မြို့နယ် င/ကျည်တောက်ကျေးရွာနဲ့ အောင်လံပြင်ကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာ မွတ်စလင် အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။ သတင်းအမှားဖန်တီးသူတွေဟာ အဆိုပါ သတင်းထဲက ဓါတ်ပုံကိုယူပြီး ကရင်ပြည်နယ်မှာ KNU နဲ့ PDF တစ်ဦး ဆင်နင်းခံရတယ် ဝါဒ ဖြန့်ထားတာ ဖြစ်ပါတယ်။၎င်းတို့ဖြန့်ဝေထားတဲ့ သတင်းတွေမှာ ခေါင်းစဉ်မှာသာ KNU နဲ့ PDF လို့ တပ်ထားပေမယ့်ရေးသားဖြန့်ဝေထားတဲ့အထဲမှာ အဲ့ဒီသူတွေဖြစ်ကြောင်း ဘာအထောက်အထားမှပါဝင်ခြင်းမရှိပါဘူး။

    ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရွာသား ၂ ဦးတောဆင်ရိုင်း နင်းခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်ကိုအတွက် ဝါဒဖြန့်သတင်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsKNUPDFtrampledwild elephantbamboo shootသတင်းအတုမျှစ်ချိုးတောဆင်ရိုင်းဆင်နင်းခံရ
    Read Full Article
    Claim :   KNU နဲ့ PDF တစ်ဦး တောထဲမှာ မျှစ်ချိုးရင်း တောဆင်ရိုင်းအနင်းခံရ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!