BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • OIC အဖွဲ့ဝင်နိုင်ငံတွေက NLD...
သတင်းအတု

OIC အဖွဲ့ဝင်နိုင်ငံတွေက NLD ကိုတရားစွဲဖို့ လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းအတု

ဒီရက်ပိုင်း အတွင်းမှာ NLD ပါတီ ကို တိုက်ခိုက်ဖို့ OIC အဖွဲ့ ရဲ့ Video ကို သုံးပြီး နောက်ခံ အသံ ပြုပြင်ဖန်တီးထားတဲ့ သတင်းအမှား Video တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Aug 2020 7:31 AM IST
  • OIC အဖွဲ့ဝင်နိုင်ငံတွေက NLD ကိုတရားစွဲဖို့ လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းအတု

    အသိဉာဏ်ရှိသူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခုက သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၉ မိနစ်မှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား Video တစ်ပုဒ် တင်ထားပါတယ်။

    အဲ့ဒီ Video တင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ရဲ့ ထိပ်ဆုံးမှာ "ထူးခြားသတင်း" လို့ ရေးသားထားပြီး "OIC အစ္စလာမ်မစ် { 57 } နိုင်ငံမှ NLD ပါတီအား တရားစွဲဆိုနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးခြင်း" ဆိုတဲ့ ခေါင်းစဉ်တပ်ထားပြီး "ဒါက ဗဟုသုတအနေနဲ့ တင်ပေးတာ အရေးမကြီးဘူး။ OIC က တရားပဲဆွဲဆွဲ ၊ တရားဘဲမဆွဲဆွဲ ၊ အဲ့ဒါအရေးမကြီးဘူး၊ NLD နှင့် ခေါင်းဖြူဌေးအောင် ရယ်က ၊ OIC ရဲ့ နယ်ရုပ်ကလေးတွေဆိုတာသိထားဖို့ အရေးကြီးတယ်။ ခင်ဗျာတို့ ဥဏှောက်ပါတာပဲဗျာ ။ တစ်ခြားသူတွေ ဆော်ကားမော်ကားပြောဆိုရင် NLD အစိုးရက တရားစွဲ ထောင်ချသေတာဘဲဗျာ။ စဉ်းစာပေါ့။ အဲဒါကြောင့်မလို့ NLD နှင့် ဌေးအောင်ဟာ OIC ရဲ့ နယ်ရုပ်လို့ပြောတာ" (မူရင်းဖော်ပြထားသည့် အတိုင်း) လို့ ရေးထားပါတယ်။

    အဆိုပါ Video ရဲ့ အတွင်းမှာတော့ OIC အဖွဲ့ဝင်တွေ အခမ်းအနား ပြုလုပ်နေတဲ့ အကြောင်းတွေကို ပြသထားပြီး မူရင်း အသံကို ဖျောက်ကာ မြန်မာအသံကို နောက်ခံ ထည့်သွင်းထားပါတယ်။ နောက်ခံ အသံရွတ်ဆိုထားတဲ့ အကြောင်းအရာတွေ ကတော့ NLD ပါတီဟာ OIC က ထောက်ပံ့ကြေးယူထားပြီး ကတိပေးထားတာတွေကို မလုပ်ပေးတဲ့ OIC အဖွဲ့ဝင် ၅၇ နိုင်ငံက တရားစွဲဖို့ လက်မှတ်ရေးထိုး တောင်းဆိုနေတယ်လို့ ပြောထားပါတယ်။

    အဆိုပါ Video ကို ထပ်ဆင့်ဝေမျှသူ ၄၂၀၀ ကျော်ရှိနေပြီး ဝင်ရောက်ကြည့်ရှု့ထားသူ ၅၇၀၀၀ ကျော် ရှိနေပါတယ်။ ဒါ့အပြင် ဒီသတင်းကို တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာကလည်း ပြန်တင်ထားပါတယ်။


    သတင်းဆန်းစစ်ချက်

    အသိဉာဏ်ရှိသူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ NLD အစိုးရကို တရားစွဲဖို့ OIC အဖွဲ့ဝင် ၅၇ နိုင်ငံက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တယ် ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ Video ဟာ နောက်ခံ အသံ ပြုပြင်ပြီး လုပ်ကြံဖန်တီးထားတဲ့ Video တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှား တင်ခဲ့သူ အသုံးပြုထားတဲ့ မူရင်း Video ဟာ NLD ပါတီနဲ့ရော မြန်မာနိုင်ငံနဲ့ပါ သက်ဆိုင်ခြင်း မရှိပါဘူး။ မူရင်း Video ဟာ ဇွန်လ ၂၅ နေ့ Video အဟောင်း တစ်ပုဒ်ဖြစ်ပြီး အဲ့ဒီ Video ထဲက အကြောင်းအရာကတော့ OIC အဖွဲ့က ၎င်းတို့ရဲ့ အဖွဲ့ဝင် နိုင်ငံတွေ ကြားမှာ Covid-19 ကို ရင်ဆိုင်နေရတဲ့ အခြေအနေကို မြင့်တင်နိုင်ဖို့ နိုင်ငံ ၂၁ နိုင်ငံကို ငွေကြေး ထောက်ပံံ့မှုများကို ခွင့်ပြုပေးဖို့ ပြုလုပ်ခဲ့တဲ့ ပွဲသာ ဖြစ်ပါတယ်။ သတင်းအမှားထဲမှာ ပြောကြားထားတဲ့ NLD အစိုးရကို တရားစွဲဖို့ ပြင်နေတယ် ဆိုတာ မဟုတ်ပါဘူး။

    OIC အဖွဲ့ရဲ့ မူရင်း Video ကို ဒီမှာ ကြည့်နိုင်ပါတယ်။

    ဒါ့ အပြင် သတင်းအမှားတင်ခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာလည်း မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်း တစ်ခု ဖြစ်တာကို တွေ့ရပြီး NLD ပါတီကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsOIC member statessuing the NLDသတင်းအတုOIC အဖွဲ့ဝင်နိုင်ငံNLD ကိုတရားစွဲလက်မှတ်ထိုးတောင်းဆို
    Read Full Article
    Claim :   အသိဉာဏ်ရှိသူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ NLD အစိုးရကို တရားစွဲဖို့ OIC အဖွဲ့ဝင် ၅၇ နိုင်ငံက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တယ် ဆိုတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!