BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အနုပညာရှင်တချို့ကို NUG က...
သတင်းအတု

အနုပညာရှင်တချို့ကို NUG က အရေးယူမယ်ဆိုတဲ့ သတင်းအတု

ပြည်သူတွေကို ဗုံးမခွဲတဲ့ အနုပညာရှင်တွေကို NUG က အရေးယူဖို့ NUG က ပြောထားတယ်ဆိုပြီးလုပ်ကြံဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  22 April 2022 10:37 PM IST
  • အနုပညာရှင်တချို့ကို NUG က အရေးယူမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Uaung Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၄ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဗုံးမခွဲသည့်အနုပညာရှင်များကို NUGနှင့် ဆက်နွယ်သည့် အဖွဲ့မှ အရေးယူမည်ဟုပြော" လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "စာသင်ကျောင်းများ ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူပိုင်ပစ္စများကို တိုက်ခိုက်အကြမ်းဖက်ရာတွင် ပါဝင်ကူညီချင်းမရှိသော အနုပညာရှင်များကို NLD.PDFအကြမ်းဖက်နှင့် ထောက်ပံ့သည့်အဖွဲ့များက အရေးယူမည်ဟု သတင်းရရှိ ယခုကိစ္စကို PDF အကြမ်းဖက်ခေါင်းဆောင် NUGမှ ဇော်ဝေစိုးက ယခုလိုပြောပြထားပါတယ် "အခု အရေးယူမယ့် အနုပညာရှင်တွေက ကျတော်တို့ကို မထောက်ပံ့ဘူး ဗုံးခွဲတာ လက်နက်ဝယ်တာတွေမှာလဲ ပါဝင်ခြင်းမရှိကြဘူး ဘုန်းကြီးတွေကို သတ်ဖို့ အနုပညာရှင်တွေကို တာဝန်ပေးချင်ပေမယ့် ပါဝင်ခြင်းမရှိတဲ့အတွက် ခုလို အရေးယူဖို့စီစဥ်ရတာပါ ဟု BBCကို ပြောပြထားကြောင်းသိရှိရပါတယ်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို like လုပ်ထားသူတွေ၊ ထပ်ဆင့်ဝေမျှနေသူတွေနဲ့ ကူးယူဖော်ပြနေသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG က အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး လူမှုရေးပြစ်ဒဏ်ခတ်ဖို့ ပြောဆိုထားခြင်း မရှိသလို မည်သည့် အဖွဲ့အစည်းကိုမှ ပြည်သူတွေကို တိုက်ခိုက်ဖို့၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်ဗုံးခွဲဖို့ ပြောဆိုထားခြင်း မရှိပါဘူး။ NUG ရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းတွေကို NUG ရဲ့ တရားဝင် ဖေ့စ်ဘွတ်မှာ ဖြစ်တဲ့ National Unity Government of Myanmar မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    GSCB သပိတ်ကောင်မတီကတော့ ဧပြီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတဲ့ အနုပညာရှင် ၁၅ ဦးကို လူမှုရေးပြစ်ဒဏ် ချမှတ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ GSCB သပိတ်ကော်မတီက "ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ" ဆိုသည့်အတိုင်း စစ်တပ်နှင့်ပူးပေါင်းသော၊ စစ်တပ်နှင့်ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစအချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော၊ အစပိုင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ social influencer များ လူမှုပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်။ ပထမအကြိမ်အနေဖြင့် အောက်ပါအနုပညာရှင်များအား လူမှုရေးပြစ်ဒဏ်ချမှတ်လိုက်သည်။ ၁။ နေတိုး ၂။ စိုင်းစိုင်းခမ်းလှိုင် ၃။ အေးမြတ်သူ ၄။ ခန့်စည်သူ ၅။ မယ်လိုဒီ ၆။ မြင့်မြတ် ၇။ အောင်ရေချမ်း ၈။ မိုးစက်ဝိုင် ၉။ စိုးမြတ်သူဇာ ၁၀။ စိုးမြတ်နန္ဒာ ၁၁။ ရန်အောင် ၁၂။ နန္ဒာလှိုင် ၁၃။ ဝတ်မှုန်ရွှေရည် ၁၄။ ရဲအောင် ၁၅။ ဒိန်းဒေါင် အဆိုပါ အနုပညာရှင်များသည် ပြည်သူ့ဘက်ကို မျက်နှာမမူ၊ ပြည်သူတွေကျွေးတဲ့ထမင်းစားပြီး ပြည်သူတွေရဲ့ဒုက္ခကို မစာနာ မထောက်ထားဘဲ ဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးသော၊ ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းသောအလုပ်လုပ်ကိုင်သော၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့မရှိသော၊ follower ကျမှာကြောက်၍ အယောင်ဆောင် ဆန္ဒပြခဲ့ကြသော အနုပညာရှင်များသာဖြစ်ကြသည်" လို့ ရေးသားပြီးထုတ်ပြန်ခဲ့ပါတယ်။

    GSCB သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ကြည့်ပါ။


    Tags

    Fake newsNUGtake actionactors and actressesbombMilitaryCoupGSCB သပိတ်ကော်မတီသတင်းအတု
    Read Full Article
    Claim :   ဗုံးမခွဲသည့်အနုပညာရှင်များကို NUGနှင့် ဆက်နွယ်သည့် အဖွဲ့မှ အရေးယူမည်ဟုပြော
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!