BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တပ်နဲ့ NUG တရုတ်မှာ ၃...
သတင်းအတု

စစ်တပ်နဲ့ NUG တရုတ်မှာ ၃ ကြိမ်တွေ့ခဲ့တယ်လို့ ကိုနေဘုန်းလတ်ပြောထားတယ်ဆိုတဲ့ သတင်းအတု

စစ်တပ်နဲ့ NUG တို့ တရုတ်နိုင်ငံမှာ ၃ ကြိမ်တွေ့ဆုံပြီး ၁ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်ဆိုတဲ့သတင်းကို ကိုနေဘုန်းလတ်က ပြောထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  1 April 2024 7:44 PM IST
  • စစ်တပ်နဲ့ NUG တရုတ်မှာ ၃ ကြိမ်တွေ့ခဲ့တယ်လို့ ကိုနေဘုန်းလတ်ပြောထားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Ko Gyi Ko Gyi အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး အဲ့ဒီအကြောင်းအရာထဲမှာ “NUG ၏ ပြောရေးဆိုခွင့်ရှိသူ ယခင်ကသိကျွမ်းခဲ့သော ကိုနေဖုန်းလတ် ထံမှသတင်းတခု သိရပါတယ်။” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “78 နှစ်မြောက်တပ်မတော်နေ့အပြီးမှာNUG သည် စကစ နှင့် သုံးကြိမ်တိုင် တရုပ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးအပြီး မှာ NUG, PDF, EROs တပ်မတော်အစိုးရ (စကစ) ပါဝင်သော ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲကာ NLD အပါအဝင် ပါတီများပြန်လည်မှတ်ပုံတင်ရန်နှင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲတရပ် ၁ နှစ်အတွင်းကျင်းပရန်ဖြစ်သည်” လို့ ရေးသားထားက စစ်မှုထမ်း ဥပဒေကို ရွေ့ဆိုင်းထားမယ်လို့လည်း ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို မှတ်ချက်ရေးသားသူ ထပ်ဆင့်ဝေမျှသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်တပ်နဲ့ NUG တို့ တရုတ်နိုင်ငံမှာ ၃ ကြိမ်တွေ့ဆုံပြီး ၁ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကိုနေဘုန်းလတ်က ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း ကိုနေဘုန်းလတ်အနေနဲ့ ပြောကြားထားခြင်း မရှိကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း “ဘယ်ကမှန်းမသိတဲ့ account တစ်ခုက ကျနော်က ပြောတယ်ဆိုပြီး သတင်းအတုတွေဖြန့်နေတာတွေ့ရပါတယ်။ မအလ ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အရှုံးကိုလက်မခံဘဲ လွတ်ရာလွတ်ကြောင်းကို နည်းလမ်းပေါင်းစုံသုံးပြီး ရှာဖွေနေပုံပါပဲ။ သတိပြုကြဖို့ပါ” လို့ ရေးသားထားပါတယ်။


    သတင်းအမှားဖြန့်သူဟာ ၎င်းရဲ့ Comment မှာ April fool ဆိုတဲ့ ပုံတစ်ပုံကို ပြန်မန့်ထားပေမယ့် မှတ်ချက်ရေးသားသူ ထပ်ဆင့်ဝေမျှသူတွေကတော့ တကယ့် သတင်းလို့ယူဆပြီး သုံးသပ်ချက်တွေ ရေးသားနေတာတွေ ရှိနေပါတယ်။ ၎င်းဟာ April Fool ကို အကြောင်းပြပြီး အခုလို နိုင်ငံရေးအကဲဆက်တဲ့ သတင်းအမှားတစ်ပုဒ်ကို ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။

    Tags

    Fake newsNUG spoke personMilitaryCoupElectionChinaသတင်းအတုစစ်ကောင်စီအာဏာသိမ်းရွေးကောက်ပွဲ
    Read Full Article
    Claim :   စစ်တပ်နဲ့ NUG တို့ တရုတ်နိုင်ငံမှာ ၃ ကြိမ်တွေ့ဆုံပြီး ၁ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ကိုနေဘုန်းလတ်ပြော
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!