BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ရွေးကောက်ပွဲကို...
သတင်းအတု

စစ်ကောင်စီ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ NUG လျှို့ဝှက် ကမ်းလှမ်းနေတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီတပ်တွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝင်ရောက် ယှဉ်ပြိုင်ဖို့ တိတ်တဆိတ် ကမ်းလှမ်းနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2023 4:25 PM IST
  • စစ်ကောင်စီ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ NUG လျှို့ဝှက် ကမ်းလှမ်းနေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို အလင်္ကာ အလင်္ကာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားထဲမှာ “NUGအဖွဲ့ကတော့ ဘာတွေ အပေးအယူ လုပ်လိုက်လဲတော့မသိဘူး ကြားရတဲ့ သတင်းကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး နစက ကို လာညှိနေတယ်။ ဒီလိုမှ လာမညှိလည်း နစက ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်ပြီး အရပ်သားအစိုးရ တက်လာရင် NUG ခွက်ပျောက်ပြီလေ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီစာနဲ့အတူ NUG သမ္မတ ဒူဝါလရှီးလ (Duwa Lashi La) ရဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “နကစမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် NUG အဖွဲ့ လျှို့ဝှက် ကမ်းလှမ်းနေ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေထားကြသလို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့လည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လျှို့ဝှက် ကမ်းလှမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    NUG အစိုးရဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း မရှိသလို ဆန့်ကျင်ကြဖို့ တရားဝင် ဆော်ဩထားပါတယ်။ စစ်ကောင်စီတပ်တွေကလည်း ရွေကောက်ပွဲမှာ ၎င်းတို့ကို အပြန်အလှန်ထောက်ခံကြမယ့် ပါတီတွေနဲ့သာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

    NUG သမ္မတ ဒူးဝါလရှီလကလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေး ၊စစ်ရေးနည်းလမ်းနှစ်သွယ်နဲ့ ချဖျက်နိုင်အောင် လုပ်ဆောင်ရမယ်လို့ ပြောကြားထားပါတယ်။ NUG သမ္မတ ပြောကြားထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။


    သတင်းအမှားကို စဖြန်ကတဲ့ သူဟာလည်း စစ်ကောင်စီအတွက် Telegram channel တွေ ဖေ့စ်ဘွတ်အကောင့်တွေနဲ့ စစ်ကောင်စီကို လော်ဘီလုပ်ပေးနေတဲ့ မှိုင်းဝေဆိုတဲ့ Acc က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး NUG ကို တိုက်ခိုက်ထားတဲ့ ဝါဒဖြန့် သတင်းပေါင်းများစွာ ဖြန့်ဝေခဲ့သူလည်း ဖြစ်ပါတယ်။

    Tags

    Fake newsMilitaryCoupElectionNUGNLDစစ်ကောင်စီအာဏာသိမ်းရွေးကောက်ပွဲသတင်းအတု
    Read Full Article
    Claim :   နကစမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် NUG အဖွဲ့ လျှို့ဝှက် ကမ်းလှမ်းနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!