BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG သမ္မတအဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု
သတင်းအတု

NUG သမ္မတအဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သမ္မတအဖမ်းခံရပြီး NUG ကျရှုံးနေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Jan 2023 2:57 PM IST
  • NUG သမ္မတအဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု
    Listen to this Article

    အဆိုပါ သတင်းအတုကို TepPon News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ခွဲကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ NUG အစိုးရရဲ့ သမ္မတနဲ့ စစ်ကောင်စီတပ်က ဗိုလ်ချုပ်တွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို ပူးတွဲတင်ထားပြီး ဓါတ်ပုံပေါ်မှာ “လုံးဝ မထင်ထားတဲ့သတင်း၊ အရေးကြီးတဲ့ သမ္မတကိုမှ ဖမ်းတာ၊ စစ်တပ်သွေးခွဲနေပြီ NUG ကျရှုံးနေပြီဗျာ” လို့ ရေးသားကာ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “ဇန်နဝါရီ ၁၈ရက်နေ၁နာရီ ခွဲNUGသမ္မတအဖမ်းခံရ သတင်းစုံ” လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၄၀၀ ကျော် ရှိကာ ဝင်ရောက်ကြည့်ရှုထားသူ ၁၀၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သမ္မတ အဖမ်းခံရပြီး NUG ကျရှုံးနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    NUG သမ္မတဟာ အဖမ်းခံထားရခြင်း မရှိသလို NUG ဟာ ကျရှုံးနေခြင်းလည်း မရှိပါတယ်။ ကုလသမဂ္ဂက NUG အစိုးရရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုထားသလို အမေရိကန်အစိုးရလည်းကလည်း ၎င်းတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲကနေ မြန်မာကိုထောက်ပံ့ဖို့ လွတ်တော်နဲ့ အမေရိကန်သမ္မတကပါ လက်မှတ်ရေးထိုးပေးထားပါတယ်။

    သတင်းအမှား video ရဲ့ ခေါင်းစဉ်မှာ NUG သမ္မတအဖမ်းခံရတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ဘဲ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီးကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGpresidentarrestedသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   အရေးကြီးတဲ့ သမ္မတကိုမှ ဖမ်းတာ၊ စစ်တပ်သွေးခွဲနေပြီ NUG ကျရှုံးနေပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!