BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်ကို ၇ ရက်အတွင်းသိမ်းဖို့...
သတင်းအတု

နေပြည်တော်ကို ၇ ရက်အတွင်းသိမ်းဖို့ NUG သမ္မတက အမိန့်ပေးပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ အဓိက ရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော်ကို (၇) ရက်အတွင်းသိမ်းဖို့ NUG သမ္မတကြီးက အမိန့်ပေးပြီဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 Oct 2023 10:48 AM IST
  • နေပြည်တော်ကို ၇ ရက်အတွင်းသိမ်းဖို့ NUG သမ္မတက အမိန့်ပေးပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ (၅) ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ဝတ်စုံ ဝတ်ထားတဲ့ NUG သမ္မတရဲ့ ဓါတ်ပုံရယ် သတင်းကြေညာနေသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “၅ ရက်နေ့ NUG သမ္မတကြီး တိုက်မိန့်ပေးလိုက်ပြီ၊ နေပြည်တော်ကို ၇ ရက်အတွင်းသိမ်းမည်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူများစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ အဓိက ရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော်ကို (၇) ရက်အတွင်းသိမ်းဖို့ NUG သမ္မတကြီးက အမိန့်ပေးပြီဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    NUG နဲ့ PDF တွေက နေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ “လမ်းများအားလုံး နေပြည်တော်သို့” ဆိုတဲ့ ကမ်ပိန်းတွေ ပြုလုပ်နေပေမယ့် နေပြည်တော်ကို (၇) ရက်အတွင်း သိမ်းဖို့ NUG သမ္မတက အမိန့်ပေးထားခြင်းမရှိသလို မည်သည့်အဖွဲ့ကမှ ကြေညာထားခြင်းမရှိပါဘူး။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGPresidentClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   NUG သမ္မတကြီး တိုက်မိန့်ပေးလိုက်ပြီ၊ နေပြည်တော်ကို ၇ ရက်အတွင်းသိမ်းမည်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!