BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG က ဘာသာရေး ပဋိပက္ခဖြစ်အောင်...
      သတင်းအတု

      NUG က ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ် ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီကို ထောက်ခံတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက NUG ဟာ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် တင်ထားပါတယ်။

      By - Boom Live Myanmar | 9 Nov 2021 11:02 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • NUG က ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတယ် ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို The Truths ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီ ၅၅ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းအမှားထဲမှာ "NUG ရဲ့ ဒုတိယအကြံဖြစ်တဲ့ ဘာသာရေး အထိကရုံးပြသနာဖန်တီးနေကြပါပြီ" (သတ်ပုံ မူရင်းအတိုင်း) လို့ အစချီ ရေးသားထားပါတယ်။ ၎င်းသတင်းအမှားအတွင်းမှာ "NUG သည် PDF အားကိုးနှင့် တော်လှန်ရေးအောင်မြင်လိမ့်မည်ဟု သွေးနားထင်ရောက်ခဲ့ကြပြီး၊ ဟိုမကျန်ဒီမကျန်တော်လှန်ကြဆိုပြီး ကလေးတွေဆော့သလို အမိန့်ပေးလေရဲ့ ဒီက ဂလေကချေ PDF တွေဆိုတာဟာလည်း တပ်တစ်ခုကို၀င်တိုက်ဖို့နေနေသာသာ လူနှစ်ယောက် သုံးယောက်ရှိ့တဲ့ ကင်းတဲလေးတွေကို ပစ်ပြေး ပြီး အဖမ်းတွေခံခံနေရတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ရေးသားထားကာ မီဒီယာတွေကသာ သတင်းတွေကို ချဲ့ကားရေးနေကြောင်း၊ NUG ဟာ မအောင်မြင်တော့ဘူးဆိုတာသိလို့ ၎င်းတို့ရဲ့ ဒုတိယ အကြံဖြစ်တဲ့ ဘာသာရေးမှိုင်းတိုက်ကာ အရေးအခင်း တစ်ခုဖြစ်အောင် စတင်သွေးထိုးနေတယ်လို့ ရေးသားထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါးရှိကာ ကူးယူဖော်ပြထားသူ များစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      The Truths ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      NUG မှာ ဘာသာပေါင်းစုံက လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တွေကိုပါ ထားရှိပြီး ဘာသာပေါင်းစုံရဲ့ နေ့ထူးနေ့မြတ်တိုင်းကိုလည်း ဆုတောင်းစကားတွေ ပြောကြားပေးနေပါတယ်။ NUG ဟာ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကို ထိပ်ပိုင်းခေါင်းဆောင်တွေကအစပြောဆိုခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။ စစ်ကောင်စီထောက်ခံသူတွေဖြစ်တဲ့ ကြံခိုင်ရေးပါတီထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွပြောဆိုဖြန့်ဝေတဲ့ အကြောင်းအရာတွေမှာသာ ဘာသာရေး ပြဿနာ ဖန်တီးဖို့ သွေးထိုးလှုံ့ဆော်မှုတွေရှိနေဆဲဖြစ်ပါတယ်။

      သတင်းအမှားထဲမှာ NUG ဟာ PDF နဲ့ မအောင်မြင်နိုင်တော့ဘူးလို့ ဆိုထားပေမယ့် အခုအချိန်မှာ PDF တွေမှာ လက်နက် ပိုပြည့်စုံပြီး စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက် ပစ်ခတ်မှု ပိုများလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် NUG ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်လက်နက်ကိုင် တပ်တွေကြား ဗဟိုစစ်ရေးကွပ်ကဲမှုနှင့် ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee-C3C) ကို ထူထောင်လိုက်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီသတင်းဌာန ကို ပြောကြားထားပါတယ်။

      ဧရာဝတီ သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီမှာ ကြည့်ပါ။

      ဒီသတင်းအမှားနဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ Public Voice Television ရဲ့ သတင်းလား၊ ဂျင်းလား အစီအစဉ်မှာ ၎င်းတို့ ရေးသားဖော်ပြမှုဟာ သတင်းအမှားသာဖြစ်ပြီး ဒီပေ့ချ်ဟာ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီပေးနေတဲ့ Page တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

      PVTV က ဖော်ပြခဲ့တဲ့ သတင်းကို ဒီမှာ ကြည့်ပါ။


      Tags

      Fake newsNUGPDFCRPHMilitaryCoupReligiousConflictသတင်းအတုစစ်ကောင်စီဘယသာရေး ပဋိပက္ခ
      Read Full Article
      Claim :   The Truths ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ရေးသားထားတဲ့ NUG ဟာ PDF နဲ့ မအောင်မြင်တော့လို့ ဘာသာရေးမှိုင်းတိုင်ပြီး ပြဿနာဖြစ်အောင် ဖန်တီးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!