BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါက်တာဇော်ဝေစိုး...
သတင်းအတု

ဒေါက်တာဇော်ဝေစိုး သေကြောင်းကြံစည်သွားတယ်ဆိုတဲ့ သတင်းအတု

NUG ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး သေကြောင်းကြံစည်သွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 April 2024 8:59 PM IST
  • ဒေါက်တာဇော်ဝေစိုး သေကြောင်းကြံစည်သွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေအမည်နဲ့ ချန်နယ်က ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါက်တာဇော်ဝေစိုးရဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အဆိပ်ဘုရင်” လို့ ရေးသားထားပါတယ်။ ၎င်းဓါတ်ပုံနဲ့အတူ “အမြင်မတူပေမယ့် ခုလိုရုတ်တရက်ကြီးဖြစ်သွားတော့လည်း စိတ်မကောင်းဘူး။ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းရပါတယ်။ ဒေါက်တာ ဇော်ဝေစိုး စိတ်ဖိစီးမှုများပြီး အဆိပ်သောက်ကာ သေကြောင်းကြံသွား။ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့်ဖြစ်မယ်။” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး သေကြောင်းကြံစည်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    ‌သတင်းအမှားဖြန့်ထားသူဟာ ဒေါက်တာဇော်ဝေစိုးဟာ အပေါ် လုပ်ကြံရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။ ဒေါက်တာဇော်ဝေဆိုးဟာ အဆိပ်သောက်ခြင်း သတ်သေခြင်းလည်း မရှိပါဘူး။ ၎င်းရဲ့ တာဝန်တွေကို ပုံမှန်ဆောင်ရွက်နေဆဲသာဖြစ်ပါတယ်။

    ဒေါက်တာဇော်ဝေစိုးရဲ့ လုပ်ဆောင်မှုတွေကို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ နဲ့ ကျန်းမာရေးဝန်ကြီးဌာန Page မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGHealth Ministercommitted suicideသေကြောင်းကြံစည်ကျန်းမာရေးဝန်ကြီးသတင်းအတု
    Read Full Article
    Claim :   ဒေါက်တာ ဇော်ဝေစိုး စိတ်ဖိစီးမှုများပြီး အဆိပ်သောက်ကာ သေကြောင်းကြံသွား
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!