BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG က စစ်မိန့်ပေးတယ်ဆိုတဲ့သတင်းအတု
      သတင်းအတု

      NUG က စစ်မိန့်ပေးတယ်ဆိုတဲ့သတင်းအတု

      အမျိုးသား ညီညွတ်ရေးအစိုးရက လေယာဉ်ပစ် လက်နက် ၁၅ လက်နဲ့ ပစ်မိန့်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  29 Jun 2023 7:26 AM IST
    • NUG က စစ်မိန့်ပေးတယ်ဆိုတဲ့သတင်းအတု

      အဆိုပါ သတင်းအတုကို Dalin 1 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၆ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ NUG သမ္မတရဲ့ ဓါတ်ပုံရယ် လက်နက်တွေရဲ့ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၇ ရက်နေ့ NUG စစ်မိန့်ပေးလိုက်ပြီ။ လေယာဉ်ပစ် လက်နက် ၁၅ ခု ပွဲဦးထွက်” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေတဲ့အခါမှာလည်း “NUG လေယာဉ်ပစ်တွေနဲ့ ပွဲဦးထွက်” လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ တော်လှန်ရေး အင်အားစုတွေက အလှူငွေကောက်ခံပြီး လေယာဉ်ပစ် လက်နက် ၂ လက်ဝယ်ယူဖို့ မကြာသေးမီက NUG ကို အလှူငွေတွေ လွဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီလေယာဉ်ပစ် လက်နက် ၂ လက်နဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ မကြာခဏမြင့်တက်လေ့ရှိပါတယ်။

      သတင်းအမှား Video ထဲမှာ ဖြန့်ထားသလို NUG လေယာဉ်ပစ် လက်နက် ၁၅ ခုနဲ့ ပစ်မိန့်ပေးတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။ NUG အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေကို NUG ရဲ့ တရားဝင် Page တွေဖြစ်တဲ့ National Unity Government of Myanmar နဲ့ Ministry of Defence - National Unity Government of Myanmar မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

      ဒါ့အပြင် သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ NUG က လေယာဉ်ပစ် လက်နက် ၁၅ ခုနဲ့ ပစ်မိန့်ပေးတယ်လို့ ရေးသားထားပေမယ့် Video အတွင်းမှာ အဆိုပါ အကြောင်းအရာမပါဝင်ပါဘူး။ Video အတွင်းမှာ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

      Tags

      Fake newsNUGanti-aircraft weaponsMilitaryCoupClickbaitsသတင်းအတုစစ်ကောင်စီလေယာဉ်ပစ်လက်နက်
      Read Full Article
      Claim :   ၂၇ ရက်နေ့ NUG စစ်မိန့်ပေးလိုက်ပြီ။ လေယာဉ်ပစ် လက်နက် ၁၅ ခု ပွဲဦးထွက်
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!