BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာကို R2P ဝင်ဖို့...
သတင်းအတု

မြန်မာကို R2P ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ NUG ကြေညာတယ်ဆိုတဲ့ သတင်းအတု

မြန်မာကို R2P ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ NUG ကြေညာတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2024 9:54 AM IST
  • မြန်မာကို R2P ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ NUG ကြေညာတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

    ဒီ Video ရဲ့ နောက်ခံမှာ စစ်သားတွေ ပါဝင်တဲ့ ရဟက်ယာဉ် ၁ စီးရဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ICC ဖမ်းဝရမ်း မအလ လက်မခံပါက R2P ဝင်ဖို့ အဆင်သင့်ဖြစ်ပြီဟု NUG ကြေညာလို့ နေပြည်တော် တစ်ခုလုံး ပွက်လောရိုက်ကုန်ကြပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၄၆၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာကို R2P ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ NUG ကြေညာတယ်ဆိုတဲ့ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီအာဏာသိမ်းစဉ်ထဲက မြန်မာကို R2P ဝင်ဖို့ အားလုံးက ဝိုင်းဝန်းတောင်းဆိုနေပေမယ့် R2P ကတော့ ဝင်ရောက်လာဖို့ လုံးဝ မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Read Full Article
    Claim :   မြန်မာကို R2P ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ NUG ကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!