BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG နဲ့ EAO တွေက လူငယ်တွေကို...
သတင်းအတု

NUG နဲ့ EAO တွေက လူငယ်တွေကို လိမ်လည်ပြီး လူမှောင်ခိုကူးတယ်ဆိုတဲ့ သတင်းအတု

NUG နဲ့ EAO တွေက လူငယ်တွေကို အလုပ်ရမယ်လို့ လိမ်လည်ကာ ငွေကျပ် သိန်းချီတောင်းခံပြီး ထိုင်းနိုင်ငံထဲကို လူကုန်ကူးနေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Feb 2024 5:46 PM IST
  • NUG နဲ့ EAO တွေက လူငယ်တွေကို လိမ်လည်ပြီး လူမှောင်ခိုကူးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေဆိုတဲ့ချန်နယ်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီးသတင်းအမှားထဲကို ဖြန့်ဝေရာမှာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ဒီဓါတ်ပုံတွေနဲ့အတူ “NUG+PDF+EAOs များက မြန်မာနိုင်ငံသား လူငယ်များကိုအလုပ်ရမည်ဟု လိမ်လည်ကာ တစ်ဦးကို ငွေကျပ် ၂၃ သိန်းစီတောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် လူမှောင်ခိုသွင်းခဲ့ပါတယ်။ ယခုဆိုရင် အဆိုပါ လူငယ်များဟာ ပိုက်ဆံလည်း ဆုံးတဲ့အပြင် ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းခံထားရကြောင်းသိရပါတယ်။” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG နဲ့ EAO တွေက လူငယ်တွေကို အလုပ်ရမယ်လို့ လိမ်လည်ကာ ငွေကျပ် သိန်းချီတောင်းခံပြီး ထိုင်းနိုင်ငံထဲကို လူကုန်ကူးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဓါတ်ပုံထဲမှာ ပါဝင်တဲ့ ဖမ်းခံရသူတွေဟာ ကော့သောင်းမြို့ကနေ ရနောင်းမြို့ကို တရားမဝင်လမ်းကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၉ ယောက်ကို တစ်ညတည်း မတူညီတဲ့ နေရာကနေ ဖမ်းဆီးရမိခဲ့တဲ့ပုံတွေသာ ဖြစ်ပါတယ်။ NUG တွေ၊ PDF တွေ EAOs တွေနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

    စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် မြန်မာနိုင်ငံထဲကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူတွေလည်း များစွာရှိနေသလို တရားမဝင်လမ်းကြောင်းနဲ့ နယ်စပ်ဖြတ်ကျော်သူတွေလည်း များစွာရှိနေပါတယ်။ ဒီလို သွားလာရင်း ဖမ်းခံရသူတွေကို စစ်ကောင်စီထောက်ခံသူတွေက NUG က လူကုန်ကူးတယ်လို့ ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    Dawei Watch သတင်းဌာနက ဖော်ပြထားတဲ့ ရနောင်းမှာ တရားမဝင် မြန်မာလုပ်သားတွေ ဖမ်းဆီးခံရတဲ့ သတင်းကို ဒီနေရာမှာဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsNUGEAOtraffickingyoung peopleThai-Myanmar borderarrestedillegal migrant workersသတင်းအတုလူမှောင်ခိုကူး
    Read Full Article
    Claim :   NUG+PDF+EAOs များက မြန်မာနိုင်ငံသား လူငယ်များကိုအလုပ်ရမည်ဟု လိမ်လည်ကာ တစ်ဦးကို ငွေကျပ် ၂၃ သိန်းစီတောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် လူမှောင်ခိုသွင်းခဲ့ပါတယ်။
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!