BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြောက်ပိုင်းမဟာမိတ် နဲ့ NUG ရဲ့...
သတင်းအတု

မြောက်ပိုင်းမဟာမိတ် နဲ့ NUG ရဲ့ တရုတ်ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ NUG တို့ရဲ့ ငွေတွေ အပ်ထားတဲ့ တရုတ်နိုင်ငံထဲက ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 Sept 2024 10:18 AM IST
  • မြောက်ပိုင်းမဟာမိတ် နဲ့ NUG ရဲ့ တရုတ်ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုဟာ ဩဂုတ်လ လကုန်ရက်နဲ့ စက်တင်ဘာလ လဆန်းပိုင်းတွေမှာ လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားကို ထဲမှာ “MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ဘီလီယံ TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ AA အပ်ထားသော တရုတ်အစုစပ်ဘဏ်(CCB)မှ ၅.၈ ဘီလီယံ KIA အပ်ထားသော တရုတ်နိုင်ငံခြားကုန်သွယ်မှုဘဏ်(CTB)မှ ၆.၁ဘီလီယံ NUG အပ်ထားသော ဟောင်ကောင် စီးပွါးရေးဘဏ် (HBB)မှ ၅၂၈.၂သန်း အား တရုတ်အစိုးရမှ ဘဏ်အကောင့်များ အား ယနေ့တွင်ထပ်မံ ပိတ်သိမ်းခဲ့ပါသည်။” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ NUG တို့ရဲ့ ငွေတွေ အပ်ထားတဲ့ တရုတ်ဘဏ်အကောင့်တွေကို တရုတ်ကပိတ်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မြောက်ပိုင်း မဟာမိတ်တွေနဲ့ တရုတ်နိုင်ငံဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး တရုတ်နိုင်ငံက ထုတ်ပြန်ချက်တွေကို လိုက်နာမှုတွေရှိတာကို တွေ့ရပါတယ်။ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရကြောင်း ရေးသားဖော်ပြမှုတစ်စုံတစ်ရာ မတွေ့ရပါတယ်။

    ဒီအချက်အလက်တွေထဲမှာ ပါဝင်တဲ့ NUG က အပ်ထားတဲ့ ဟောင်ကောင်စီးပွါးရေးဘဏ်(HBB)မှ ၅၂၈.၂သန်း ကို တရုတ်အစိုးရဘက်မှ ဘဏ်အကောင့်တွေကို ထပ်မံ ပိတ်သိမ်းခဲ့တယ် ဆိုတဲ့အချက်ဟာ သတင်းအမှားသာဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီး စီမံကိန်း ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန က ဦးတင်ထွန်းနိုင်က “ဒီသတင်းကို အဟုတ်ထင်ပြီး ပြောနေကြသူတွေတချို့ တွေ့မိတယ်။ အဲ့ဒီဘဏ်မှာ NUG က အပ်ထားတဲ့ငွေ တပြားတချပ်မှ မရှိပါ။ တော်ရုံ ဖွကြပါ။” ပါလို့ ရေးသားထားပါတယ်။


    မူရင်းရေးသားဖော်ပြမှုကို ဒီနေရာမှာ ကြည့်ပါ။

    ဒီသတင်းအမှား ထွက်ပေါ်လာတဲ့နေရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် လူမှုကွန်ယက် စာမျက်နှာတွေပေါ် ဖြန့်ထားကြတာဖြစ်ပြီး မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေနဲ့ ဖြန့်နေကြတာကို တွေ့ရပါတယ်။

    Tags

    Fake newsNorthern AllianceNUGChinabank accountssuspendedသတင်းအတုစစ်ကောင်စီဝါဒဖြန့်တရုတ်နိုင်ငံ
    Read Full Article
    Claim :   မြောက်ပိုင်းမဟာမိတ် နဲ့ NUG ရဲ့ တရုတ်ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရ
    Claimed By :  Telegram, Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!