BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အနိုင်ရ NLD အမတ်တွေ...
သတင်းအတု

အနိုင်ရ NLD အမတ်တွေ တိမ်းရှောင်တယ်ဆိုတဲ့ သတင်းအတု

ရွေးကောက်ပွဲပြီးကတည်းက NLD ပါတီက အနိုင်ရမဲစာရင်းတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းအမှားတွေ မကြာခဏထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Jan 2021 6:44 PM IST
  • အနိုင်ရ NLD အမတ်တွေ တိမ်းရှောင်တယ်ဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်းအတွင်းမှာလည်း မဲခိုးမှုတွေကို ဖမ်းနေတဲ့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းက အနိုင်ရ NLD အမတ်တွေ တိမ်းရှောင်ကုန်ပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

    အဆိုပါ သတင်းအမှားကို ရဲရင့်သူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီ ၃၉ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းအမှား အကြောင်းအရာထဲမှာ "အကုန်ဖမ်းမှာပါ။ မပူနဲ့ အောက်ကခိုးခိုး အထက်ကခိုးခိုး ဖမ်းနေပြီလို့ပြောသားပဲ။ မန်းခရိုင် အနိုင်ရ NLD အမတ်တွေ တိမ်းရှောင်ကုန်" လို့ ရေးသားထားပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၈၀၀ နီးပါးနဲ့ Comment ရေးသားသူ ၁၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၁၀၀၀ ကျော်ရှိနေပါတယ်။

    ဒီသတင်းအမှားကိုပဲ တခြားဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ Htet Htet ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကလည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြန်တင်ထားတာကိုတွေ့ရပြီး ၎င်းဆီကနေ ထပ်ဆင့်ဝေမျှသူ ၃၀၀ နီးပါးရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ မဲခိုးမှုတွေကို အကုန်လိုက်ဖမ်းနေပြီး မန္တလေးတိုင်းအတွင်းက NLD အမတ်တွေ တိမ်းရှောင်ကုန်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချိထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီလိုအကြောင်းအရာတွေဟာ မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားတွေဖြစ်ပြီး အကောင့်တုတွေနဲ့ မကြာခဏ ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

    ဒီလိုရေးသားဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က "ရှုံးတဲ့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်လို့ သတင်းအမှားတွေဖြန့်ပြီး ရှုပ်ထွေးအောင် လုပ်ကြတာပါပဲ။ မရိုးသားတဲ့ သူတွေက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဒဏ်ခတ်တာကိုပဲ ခံရမယ်။ အဲ့ဒါပဲ ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    Tags

    Fake newsNLD MPsElection Myanmar 2020သတင်းအတုရွေးကောက်ပွဲ
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ မဲခိုးမှုတွေကို အကုန်လိုက်ဖမ်းနေပြီး မန္တလေးတိုင်းအတွင်းက NLD အမတ်တွေ တိမ်းရှောင်ကုန်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!