BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နေပြည်တော်ကို သိမ်းတော့မယ်လို့...
      သတင်းအတု

      နေပြည်တော်ကို သိမ်းတော့မယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအတု

      နေပြည်တော်ကို သိမ်းတော့မယ်လို့ ကြေညာအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေ ရန်ကုန်ကို ထွက်ပြေးတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 Jun 2024 7:24 AM IST
    • နေပြည်တော်ကို သိမ်းတော့မယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းအတု

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော်ကို တက်သိမ်းတော့မည် ကြေညာလိုက်ပြီ။ မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ ရန်ကုန်ကို ပြောင်းရွှေ့ထွက်ပြေးကျပြီဟေ့' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      နေပြည်တော်ကို သိမ်းတော့မယ်လို့ ကြေညာတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ 'နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ မိုးဇလရုံးနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA က သိမ်းပိုက်ပြီး မြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်၊ မြို့ပေါ်မှ စစ်သားများ ထွက်ပြေးသွား​ပြီး မြို့ထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

      သတင်းထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းတွေနဲ့ ပက်သတ်ပြီး ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီသတင်းထဲမှာ နေပြည်တော်ကို သိမ်းတော့မယ်လို့ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ရှမ်းမြောက်တိုက်ပွဲစစ်ဗိုလ်ချုပ်တွေထွက်ပြေးနေပြည်တော်ကို တက်သိမ်းcaptured Nay Pyi TawFakenewsသတင်းအတု
      Read Full Article
      Claim :   နေပြည်တော်ကို သိမ်းတော့မယ်လို့ ကြေညာတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!