BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံကို နေတိုးတပ်တွေ...
သတင်းအတု

မြန်မာနိုင်ငံကို နေတိုးတပ်တွေ ဝင်လာဖို့ အတည်ပြုပြီဆိုတဲ့ သတင်းအတု

မြန်မာနိုင်ငံကို နေတိုးတပ်တွေ ဝင်လာဖို့ အတည်ပြုတဲ့အတွက် R2P မလိုတော့ဘူးဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Sept 2023 3:02 PM IST
  • မြန်မာနိုင်ငံကို နေတိုးတပ်တွေ ဝင်လာဖို့ အတည်ပြုပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Shwe Fun ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး “အားလုံးအတွက်အရေးကြီးတဲ့ သတင်းပါ” လို့ ရေးသားကာ Website တစ်ခုရဲ့ Link ရယ် ဓါတ်ပုံတစ်ပုံရယ် တွဲတင်ထားပါတယ်။ အဆိုပါ ဓါတ်ပုံရဲ့နောက်ခံမှာ နိုင်ငံတကာက ခေါင်းဆောင်တစ်ဦးရဲ့ ဓါတ်ပုံရယ် စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ဓါတ်ပုံရယ်ကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၇ ရက်နေ့ R2P မလိုတော့ဘူး။ နေတိုးတပ် ဝင်လာဖို့ အတည်ပြုပြီ။ မအလ မျက်ခုံးလှုပ်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း တင်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံကို နေတိုးတပ်တွေ ဝင်လာဖို့ အတည်ပြုတဲ့အတွက် R2P မလိုတော့ဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မြန်မာနိုင်ငံကို နေတိုးတပ်တွေလည်း ဝင်လာဖို့ အတည်ပြုထားခြင်း မရှိသလို R2P လည်း ဝင်လာဖို့ မရှိသေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတကာကို စစ်ရေးအရ အကူအညီပေးဖို့ R2P တပ်တွေ ဝင်ရောက်ပေးဖို့ မကြာခဏ တောင်းဆိုထားတာ ရှိပေမယ့် R2P ကတော့ ရရှိခြင်း မရှိသေးပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း ၊ မည်သည့်သတင်းဌာနမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတွေ ဝင်ရောက်ကြည့်ရှုဖို့ ညွှန်းထားတဲ့ Website link ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Website Link ထဲမှာ တစ်ခြားအကြောင်းအရာတွေ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်

    Tags

    Fake newsNATOUNR2PMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   R2P မလိုတော့ဘူး။ နေတိုးတပ် ဝင်လာဖို့ အတည်ပြုပြီ။ မအလ မျက်ခုံးလှုပ်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!