BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာကို R2P ဝင်ပေးဖို့...
သတင်းအတု

မြန်မာကို R2P ဝင်ပေးဖို့ နန်စီပလိုစီ မပြောပါ

အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက မြန်မာကို R2P ဝင်ပေးဖို့ တောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  4 Aug 2022 1:32 PM IST
  • မြန်မာကို R2P ဝင်ပေးဖို့ နန်စီပလိုစီ မပြောပါ

    အဆိုပါ သတင်းအတုကို New Update ဆိုတဲ့ ပေ့ချ်တစ်ခုနဲ့ Gamer Fun ဆိုတဲ့ ပေ့ချ်တစ်ခုအပါအဝင် Facebook Page ၅ ခုခန့် စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်တင်ထားပါတယ်။ ၎င်း Video ကိုဖန်တီးထားရာမှာ နန်စီပလိုစီရဲ့ ဓါတ်ပုံအပေါ်မှာ "မြန်မာကို R2P ဝင်ပေးဖို့ နန်စီပယ်လိုစီတောင်းဆို ပေးလိုက်ပြီ။ သူပြောရင် လုံးဝ သေချာတာမျိုး" လို့ ရေးသားထားကာ ဖေ့စ်ဘွတ်ပေါ်ဖြန်ကဝေရာမှာလည်း မြန်မာကို R2P ဝင်ပေးရန် နန်စီပလိုစီက တောင်းဆိုထားကြောင်း ထပ်မံရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေါ်မှာ Like လုပ်ထားသူ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ သောင်းဂဏာန်အထိ ကျော်လာကာ YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှု့ထားသူ ၆ ထောင်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် အောက်လွတ်တော် ဥက္ကဌ နန်စီပလိုစီက မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ တောင်းဆိုလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ ခေါင်းစဉ်ဖြစ်တာကို တွေ့ရပါတယ်။

    နန်စီပလိုစီဟာ ဩဂုတ်လ ၃ ရက်နေ့က ထိုင်ဝမ်ကို သွားရောက်လည်ပါတ်ခဲ့ပြီးနောက် လူမှုကွန်ယက်ပေါ်မှာ ဒီဖြစ်စဉ်အပေါ် အလွန်အမင်း စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ နန်စီဟာ တိုင်ဝမ် ခရီးစဉ်မှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆို၊ ထုတ်ပြန်ခဲ့ခြင်း မရှိသလို မြန်မာကို R2P ဝင်ပေးဖို့ တောင်းဆိုထားခြင်းလည်း မရှိပါဘူး။ နန်စီပလိုစီ တိုင်ဝမ်ကို သွားရောက်လည်ပါတ်ထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ဒီရက်ပိုင်းအတွင်း မြန်မာကို လက်နက်ခဲရမ်း ထောက်ပံ့ဖို့နဲ့ R2P ဝင်ပေးဖို့ ပြောဆိုခဲ့သူဟာ ဒေါ်ဇင်မာအောင်နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ပဲ ဖြစ်ပါတယ်။ နန်စီပလိုစီပြောထားခြင်း မဟုတ်ပါဘူး။

    ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေက သတင်းရဲ့ ခေါင်းစဉ်မှာသာ မြန်မာကို R2P ဝင်ပေးဖို့ နန်စီပလိုစီက တောင်းဆိုတယ်လို့ ရေးသားထားပေမယ့် သတင်းအမှားရဲ့ အတွင်းမှာတော့ Rfa သတင်းဌာနက တင်ထားတဲ့ ဒေါ်ဇင်မာအောင် က မြန်မာကို R2P ဝင်ပေးဖို့ တောင်းဆိုထားတဲ့ သတင်းကိုသာ ပြန်လည်ကူးယူပြီး ၎င်းတို့ရဲ့ ပေ့ချ်တွေမှာ တင်ထားတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ Rfa က မူရင်းတင်ထားတဲ့ Video ကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ Page တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတာကို တွေ့ရပြီး Clickbiats သတင်းတွေတင်ပြီး ပိုက်ဆံရှာနေတဲ့ အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsNancy PelosiR2PUNMilitaryCoupနန်စီပလိုစီစစ်ကောင်စီအာဏာသိမ်းသတင်းအမှား
    Read Full Article
    Claim :   မြန်မာကို R2P ဝင်ပေးဖို့ နန်စီပလိုစီ တောင်းဆိုတယ်ဆို
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!