BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • RCSS အင်အား နှစ်ထောင်ကျော်နဲ့...
သတင်းအတု

RCSS အင်အား နှစ်ထောင်ကျော်နဲ့ နေပြည်တော်ကို ဝိုင်းပြီဆိုတဲ့ သတင်းအတု

RCSS တပ်ဖွဲ့က အင်အား နှစ်ထောင်ကျော်နဲ့ နေပြည်တော်ကို ဝိုင်းထားလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ဒီရက်ပိုင်းထဲထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2023 5:10 PM IST
  • RCSS အင်အား နှစ်ထောင်ကျော်နဲ့ နေပြည်တော်ကို ဝိုင်းပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို WV news ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၅ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေထားတာ ဖြစ်ပြီး Video တစ်ပုဒ်ကို Screen Shot ရိုက်ယူထားတဲ့ ဓါတ်ပုံတစ်ပုံနဲ့ တွဲတင်ထားပါတယ်။ အဆိုပါနောက်ခံဓါတ်ပုံမှာ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွှက်ဆစ် နဲ့ စစ်ဝတ်စုံ ဝတ်ဆင်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်နေသူတွေ ပါဝင်တဲ့ Video ကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “အင်အား (၂၀၀၀) ကျော်နဲ့ RCSS/SSP တပ်ဖွဲ့ နေပြည်တော်ကို ဝိုင်းလိုက်ပြီ၊ စစ်ရေးတင်းမာပြီဟေ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ ဓါတ်ပုံနဲ့အတူ Website တစ်ခုရဲ့ Link ကို ဖော်ပြထားပြီး “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ” လို့ ရေးသားကာ ဝင်ရောက်ကြည့်ရှု့ဖို့ တိုက်တွန်းထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တစ်ခြားဖေ့စ်ဘွတ် Page တွေကလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    RCSS တပ်ဖွဲ့က အင်အား နှစ်ထောင်ကျော်နဲ့ နေပြည်တော်ကို ဝိုင်းထားလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    RCSS အဖွဲ့ဟာ NCA လမ်းကြောင်းအတိုင်း လိုက်နာဖို့ စစ်ကောင်စီနဲ့ သဘောတူညီထားတဲ့အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို အင်အား ၂၀၀၀ ကျော်နဲ့ နေပြည်တော်ကို ဝိုင်းထားခြင်းလည်း မရှိပါဘူး။ ၎င်းတို့ နှစ်ဖွဲ့ကြား စစ်ရေးတင်းမာနေခြင်းလည်း မရှိပါဘူး။

    RCSS ခေါင်းဆောင် ဗိုလ်ချုပ် ရွှက်ဆစ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှာ NUG အနေနဲ့ PDF တွေကို မထိန်းနိုင်ရင် နောင်တစ်ချိန်မှာ လက်နက်ကိုင် ဓါးပြတွေ ဖြစ်လာမယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးသလို PDF တွေကို မထောက်ခံဘူးလို့ ပြောကြားခဲ့ကာ စစ်ကောင်စီနဲ့ မကြာခဏ တွေ့ဆုံလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ PDF တွေရဲ့ ပဋိပက္ခအကြား ဝင်ရောက်ပါဝင်ခြင်း မပြုဘူးလို့ ဧပြီလ ၃ ရက်နေ့၎င်းတို့ ရဲ့ ဖေ့စ်ဘွတ်စာမျက်ကနေ ထုတ်ပြန်ထားပါတယ်။ RCSS ထုတ်ပြန်ထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    ဒါ့အပြင် ဩဂုတ်လ ၂၁ စစ်ရေးပြဿနာတွေကို ဖြေရှင်းရာမှာ ယုံကြည်မှုတည်ဆောက်ပြီး ဖြေရှင်းခြင်းကိုသာ အကောင်းဆုံးဖြစ်ကြောင်း NCA လမ်းကြောင်းအတိုင်း စစ်ကောင်စီတပ်နဲ့ တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းက ဆက်သွားမယ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ RCSS ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsMilitaryRCSSCoupNCAPDFNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   အင်အား (၂၀၀၀) ကျော်နဲ့ RCSS/SSP တပ်ဖွဲ့ နေပြည်တော်ကို ဝိုင်းလိုက်ပြီ၊ စစ်ရေးတင်းမာပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!