BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အရာတော်မြို့နယ် တိုက်ပွဲအတွင်း PDF...
သတင်းအတု

အရာတော်မြို့နယ် တိုက်ပွဲအတွင်း PDF ၇၀ ကျော် ကျဆုံးဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်း အရာတော်နယ်ထဲက PDF စခန်းနှစ်ခု ဝင်ရောက်စီးနင်းခံရမှုမှာ PDF ၇၀ ကျော် ကျဆုံးပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်း ၉၀ ကျော် တွေ့ရှိတယ်ဆိုတဲ့ ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအတုတွေဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 Oct 2021 8:33 AM IST
  • အရာတော်မြို့နယ် တိုက်ပွဲအတွင်း PDF ၇၀ ကျော် ကျဆုံးဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာတွေကို အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်တွေ၊ ဂရုတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖြန့်ဝေနေတာပါ။

    ရေးသားထားတာမှာ "အရာတော်တောင်နယ်ထဲက အကြမ်းဖက်PDF စခန်းနှစ်ခုကို အနော်ရထာတပ်တွေ ဝင်ရောက်စီးနင်းခဲ့မှုမှာ PDF အယောက် ၇၀ ကျော် ကျဆုံးကြောင်း၊ စခန်းနှစ်ခုဝင်သိမ်းရာမှာ အဝတ်မပါ အသက်မဲ့ အမျိုးသမီးရုပ်အလောင်း 90 ကျော်ကို လက်ပြန်ကြိုးတုပ်နှောင် အနေအထားနဲ့ မြေကျင်းတွေထဲမှာ မုဒိမ်းကျင့်သတ်ဖြတ်ခံထားရတာကို တွေ့ရှိရကြောင်းနဲ့ ပညာရေးနယ်ပယ်မှ CDM ဝန်ထမ်းတွေဖြစ်ပြီး သူလျှိုလို့ စွပ်စွဲပြီး အုပ်စုဖွဲ့သတ်ဖြတ်ကြတာ ဖြစ်ကြောင်း" လုပ်ကြံရေးသား ထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အရာတော်မြို့နယ်ထဲက ဒေသကာကွယ်ရေး တပ်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံရမှုဟာ မှန်ကန်ပေမယ့် ကျန်အချက်တွေ အားလုံးဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။

    ဒီသတင်းကို Mizzima သတင်းဌာနက အောက်တိုဘာလ ၂၂ ရက် နေ့လည်မှာ ရေးသားဖော်ပြထားတာမှာ အပြန်အလှန် ပစ်တာမျိုး၊ ထိပ်တိုက်တွေ့ဆုံတာမျိုး မရှိကြောင်းနဲ့ ရဲဘော်နှစ်ယောက် ဖမ်းဆီးခံခဲ့ရကြောင်းသာ ရေးသားထားပါတယ်။


    စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ဒေသကာကွယ်ရေးစခန်းနှစ်ခုမှာ အရာတော် Local Ranger - LRG ဒေသခံကာကွယ်ရေးတပ်ဖွဲ့စခန်း နှင့် Monywa Ranger တပ်စခန်းဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

    Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    အရာတော်မြို့နယ်PDF ၇၀ ကျော် ကျဆုံး70 PDFs90 women rapedအမျိုးသမီးအလောင်း ၉၀CDM ဝန်ထမ်းFakenewsMilitary Coupmilitary councilsMilitary
    Read Full Article
    Claim :   စစ်ကိုင်းတိုင်း အရာတော်နယ်ထဲက PDF စခန်းနှစ်ခု ဝင်ရောက်စီးနင်းခံရမှုမှာ PDF ၇၀ ကျော် ကျဆုံးပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်း ၉၀ ကျော် တွေ့ရှိတယ်ဆိုတဲ့အကြေင်ူအရာဟာသတင်းအတုသာဖြစ်ပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!