BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF ၆၀၀၀ ကျော်...
သတင်းအတု

PDF ၆၀၀၀ ကျော် လက်နက်ချအလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲဝင် ၆၀၀၀ ကျော် တနေ့ထဲ လက်နက်ချ အလင်းဝင်ရောက်လာတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 Feb 2022 11:07 AM IST
  • PDF ၆၀၀၀ ကျော် လက်နက်ချအလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို လီလီခရုဇ်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ ပထမ ဖေ့စ်ဘွတ်ပိုစ့်တစ်ခုမှာ "PDF တွေ တစ်နေ့ ထဲ လက်နက်ချ ၆၀၀၀ ကျော်အလင်းဝင်သောကြောင့် နီပြိန်းတွေ ရင်ဘတ် စည်တီး ၍ အေးရင်ကျူး Feb 8" လို့ ရေးသားထားပါတယ်။ ၎င်းရဲ့ နောက်ထပ် ဖေ့စ်ဘွတ်ပိုစ့်တစ်ခုမှာတော့ "ဒီနေ့ မြောင်း ၂၀၀၊ ပုလဲ ၃၀၀၊ တန် ဆည့် ၁၀၀၀၊ ဟိုပင်၆၀၊ မိုးညှင်း ၄၀၀၊ မြင်ခြံ၅၀၀၊ ကနီ ၅၀၀၊ ယင်မပင်၅၀၀၊ စစ်ကိုင်း ၂၀၊ သပိတ်ကျင်း ၆၇၊ အင်တော်လေး ၆၉၊ တာပေါင်းကျ ၅၉၊ မိုးကုတ် ၆၅၊ ဖားကန့် ၂၀၀၀၊ အလင်းဝင်တယ်၊ စုစုပေါင်း ၆၀၀၀ ကျော်ဟူသိရသည်" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်းက ဆက်လက်ပြီး လိုင်ဇာနဲ့ KNU ဌာနချုပ်ကို လက်နက်ကြီး အမြောက်တွေနဲ့ထုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပါ ဆွေးနွေးဖို့ ပြောလာလိမ့်မယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားတွေကို Like လုပ်ထားသူ ရာချီ ရှိနေပြီး ထပ်ဆင့်ဝေမျှထားသူတွေလည်းရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လီလီခရုဇ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေထားတဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ တစ်ရက်ထဲမှာ PDF ဦးရေ ၆၀၀၀ ကျော် အလင်းဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းရဲ့ ရေးသားမှုထဲမှာ မြောင် PDF ၂၀၀ နဲ့ ပုလဲ PDF ၃၀၀ အလင်းဝင်တယ် လို့ ဖော်ပြထားပေမယ့် လက်ရှိအချိန်မှာ မြောင် PDF နဲ့ ပုလဲ PDF ဟာ အင်အားပိုကောင်းလာသလို လက်နက်တွေလည်း ကိုယ်တိုင်ထုတ်နေတဲ့အပြင် လူထုထောက်ခံမှုရယူထားတဲ့အခြေအနေဖြစ်ပါတယ်။

    လက်ရှိကာလထဲသတင်းတွေအရလည်း PDF တွေလက်နက်ချအလင်းဝင်တယ်ဆိုတဲ့သတင်းတွေမရှိသေးပဲ ဒေသတချို့မှာတော့ဖမ်းဆီးသတ်ဖြတ်ခံရတာတွေသာရှိနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ပို့စ်ထဲမှာ တန်ဆည့် PDF ၁၀၀၀၊ မိုးညှင်း ၄၀၀၊ မြင်ခြံ၅၀၀၊ ကနီ ၅၀၀၊ ယင်းမာပင် ၅၀၀၊ ဖားကန့် ၂၀၀၀ အလင်းဝင်တယ် ဆိုတဲ့ ပမာဏာဟာ ကိန်းဂဏာန်းတွေထည့်သွင်းထားပေမယ့် ဒီအချက်အလက်တွေဟာ အထောက်အထား အကိုးအကားမပါပဲဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို မည်သည့် သတင်းမီဒီယာမှာမှ ဖော်ပြထားခြင်း မရှိသလို မည်သည့် အဖွဲ့အစည်းကမှလည်း ထုတ်ပြန်ရေးသားထားခြင်း မရှိပါဘူး။ စစ်တပ် ထောက်ခံတဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။

    အဆိုပါ အကြောင်းအရာကိုဖြန့်ဝေတဲ့ လီလီခရုဇ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပြီး PDF တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို အဆက်မပြတ်တိုက်ခိုက် နေတာကို တွေ့ရပါတယ်။

    Tags

    fake newsPDFpeople
    Read Full Article
    Claim :   တနေ့ထဲ PDF ၆၀၀၀ ကျော် လက်နက်ချ အလင်းဝင်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!