BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျိုက်စကော အကျဉ်းထောင်...
သတင်းအတု

ကျိုက်စကော အကျဉ်းထောင် စီးနင်းခံရပြီး နိုင်ကျဉ်း ၃၀၀ ကျော် လွတ်မြောက်ဆိုတဲ့ သတင်းအတု

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က ကျိုက်စကော အကျဉ်းထောင်ဝင်ရောက် စီးနင်းခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 July 2023 6:51 PM IST
  • ကျိုက်စကော အကျဉ်းထောင် စီးနင်းခံရပြီး နိုင်ကျဉ်း ၃၀၀ ကျော် လွတ်မြောက်ဆိုတဲ့ သတင်းအတု

    အဆိုပါ Video ကို YouTuebe ချန်နယ်တစ်ခုက ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ညဘက် ရိုက်ကူးထားတဲ့ ရဲကားတွေ တစ်ခြားဓါတ်ပုံတွေကို ပေါင်းထားကာ ဓါတ်ပုံပေါ်မှာ “၂၇ ရက်နေ့ ညနေ ၉ နာရီခွဲ အထူးသတင်း၊ ကျိုက်စကော အကျဉ်းထောင် ဝင်စီးခံရပြီး နိုင်ကျဉ်း ၃၀၀ ကျော် လွတ်မြောက်၊ သူသေ ကိုယ်သေ ချကုန်ပြီ၊ အရေးပေါ်သတင်း” (မူရင်းပေါ်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က ကျိုက်စကော အကျဉ်းထောင်ဝင်ရောက် စီးနင်းခံရပြီး နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော် လွတ်မြောက်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ကျိုက်စကော အကျဉ်းထောင်ဟာ ဝင်ရောက်စီးနင်းခံရခြင်းမရှိသလို နိုင်ကျဉ်း ၃၀၀ ကျော် လွတ်မြောက်သွားတယ်ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။ ကျိုက်စကော အကျဉ်းထောင်မှာ နိုင်ငံရေးနဲ့ အကျဉ်းကျနေသူတွေကို ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်သွားကာ ထောင်အာဏာပိုင်တွေရဲ့ လက်ချက်ကြောင့် အသတ်ခံရတဲ့ ဦးရေဟာ ၁၂ ထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် က ထုတ်ပြန်ထားပါတယ်။

    ကျိုက်စကော အကျဉ်းထောင်ထဲမှာ သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် က ထုတ်ပြန်ထားတဲ့ သတင်းကို ဒီနေရာမှာဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း နိုင်ကျဉ်း ၃၀၀ ကျော် လွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းမပါဝင်ပါဘူး။ ထောင်ပြောင်းမယ်ဆိုပြီး ခေါ်ထုတ်သွားကာ သတ်ခံရတဲ့ ဖြစ်စဉ်အကြောင်းသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsFact CheckPolitical PrisonersinmatesKyaik Sa Kaw Prison prisonသတင်းအတုကျိုက်စကောအကျဉ်းထောင်နိုင်ငံရေးအကျဉ်းသားစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ကျိုက်စကော အကျဉ်းထောင် စီးနင်းခံရပြီး နိုင်ကျဉ်း ၃၀၀ ကျော် လွတ်မြောက်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!