BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်ကို PDF နှစ်ထောင်ကျော်...
သတင်းအတု

ရန်ကုန်ကို PDF နှစ်ထောင်ကျော် ဝင်ရောက်လာပြီး ဗိုလ်ကြီးအဆင့်တွေ ပစ်သတ်ခံနေရတယ်ဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့ကို PDF အင်အား နှစ်ထောင်ကျော် ဝင်ရောက်လာပြီး ဗိုလ်ကြီးအဆင့်တွေ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Aug 2023 9:14 PM IST
  • ရန်ကုန်ကို PDF နှစ်ထောင်ကျော် ဝင်ရောက်လာပြီး ဗိုလ်ကြီးအဆင့်တွေ ပစ်သတ်ခံနေရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဩဂုတ်လ ၂၁ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက စတင်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီပြန်ကြားရေးက ဇော်မင်းထွန်းရဲ့ ဓါတ်ပုံရယ်၊ လက်နက်ကိုင်ဆောင်ထားသူတွေပါဝင်တဲ့ဓါတ်ပုံရယ် သတင်းကြေညာထားသူတစ်ဦးရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၁ ရက်နေ့ အရေးပေါ် ရန်ကုန် PDF (၂) ထောင်ကျော် ဝင်ရောက်လာ၊ ဗိုလ်ချုပ်ကြီးအဆင့်တွေ ပစ်သတ်ခံနေရ” လို့ ဖော်ပြထားပါတယ်။ အဆိုပါ Video ကို ဖြန့်ဝေရာမှာလည်း “ရန်ကုန် PDF တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်လာ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၇၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်မြို့ကို PDF (၂) ထောင်ကျော် ဝင်ရောက်လာပြီး ဗိုလ်ချုပ်ကြီးအဆင့်တွေ ပစ်သတ်ခံနေရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရန်ကုန်မြို့မှာ လှုပ်ရှားနေတဲ့ PDF တွေ များစွာရှိပေမယ့် လူပေါင်း ၂ ထောင်ကျော် ဝင်ရောက်လာခြင်းမရှိသလို ရန်ကုန်မှာ ဒီရက်ပိုင်းထဲ စစ်ဗိုလ်ချုပ်တွေအပါအဝင် မည်သည့်စစ်သား မှ ပစ်သတ်ခံရတဲ့ဖြစ်စဉ်မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ တစ်ခြား သတင်းအကြောင်းအရာတွေ တစ်ခြား စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGPDFsYangonသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ၂၁ ရက်နေ့ အရေးပေါ် ရန်ကုန် PDF (၂) ထောင်ကျော် ဝင်ရောက်လာ၊ ဗိုလ်ချုပ်ကြီးအဆင့်တွေ ပစ်သတ်ခံနေရ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!