BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်မြို့ Transporter Bar ရှေ့...
သတင်းအတု

ရန်ကုန်မြို့ Transporter Bar ရှေ့ သူသေကိုယ်သေချပြီး ပြည်သူ ၂၀၀ ကျော် သေးဆုံးတယ်ဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့ Transporter Bar ရှေ့ သူသေကိုယ်သေ ချပြီး ပြည်သူ ၂၀၀ ကျော် သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 July 2023 12:50 PM IST
  • ရန်ကုန်မြို့ Transporter Bar ရှေ့ သူသေကိုယ်သေချပြီး ပြည်သူ ၂၀၀ ကျော် သေးဆုံးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ချို့က စတင်ဖြန့်ဝေထားပြီး ဖေ့စ်ဘွတ်အကောင့်တစ်ချို့က အဆိုပါလင့်ကို ထက်ဆင့်ဖြန့်ဝေထားတာဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ ရဲကားတွေနဲ့ အရေးပေါ်အခြေအနေပုံစံ ဖြစ်နေသယောင် ဓါတ်ပုံတွေနဲ့ ပေါင်းစပ်ထားပြီး ဓါတ်ပုံပေါ်မှာ “၂၂ ရက်နေ့ ညနေ ၈ နာရီခွဲ အထူးသတင်း ရန်ကုန်မြို့ Transporter Bar ရှေ့ ပွဲဆူကုန်ပြီ။ သူသေကိုယ်သေ ချကုန်ပြီ။ အပြင်မထွက်ကြပါနဲ့။ ပြည်သူ ၂၀၀ သေဆုံး” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “July 22, 2023 ရန်ကုန်မြို့ အရေးပေါ်ကုန်ပြီ / လုံးဝအိမ်ပြင်မထွက်ကြပါနဲ့” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်မြို့ Transformer Bar အရှေ့မှာ သူသေကိုယ်သေ တိုက်ခိုက်ရင်း ပြည်သူ ၂၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြိုနယ်၊ ဝေဇယန္တာလမ်းမပေါ်က Transporter Club ကို စစ်ကောင်စီရဲ့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၂ ရက်မနက် နံနက် ၁ နာရီဝန်းကျင်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကလပ်တက်နေသူ ၂၀၀ ခန့်ကို ဖမ်းဆီးကာ ကလပ်ကို ယာယီပိတ်သိမ်း အရေးယူထားတယ်လို့ မီဒီယာ တစ်ချို့မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် Transporter စားသောက်ဆိုင်ရဲ့ Page မှာတော့ ကလပ်မှာ ပြုလုပ်မယ့်ပွဲတွေ အစားအသောက် ယမကာတွေ ပုံမှန် ကြော်ငြာနေဆဲဖြစ်ပြီး ယခင် ရန်ကုန်မြို့က မူးယစ်ဆေးဝါနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ ကလပ်တစ်ချို့ကိုလည်း စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီး လူ ၂၀၀ ခန့် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဖမ်းထားသူတွေကို ငွေညှစ်ကာ ပြန်လွတ်ပေးလိုက်တယ်ဆိုတဲ့ ပြောဆိုမှုတစ်ချို့လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

    Transporter Bar မှာ ညဘက် မာရှယ်လောအချိန် ကျော်လွန်ပြီး ကလပ်တက်လို့ အရေးယူတယ်ဆိုတဲ့ ဖြစ်စဉ်သာရှိခဲ့ပြီး ပြည်သူ ၂၀၀ ခန့်သေဆုံးတဲ့ ဖြစ်စဉ် မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေ တင်ထားVideo ထဲမှာလည်း Transporter Bar မှာ ကလပ်တက်သူ ၂၀၀ ခန့် ဖမ်းခံရတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMartial LawMilitaryCoupTransporter Clubသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ရန်ကုန်မြို့ Transporter Bar ရှေ့ သူသေကိုယ်သေ ချပြီး ပြည်သူ ၂၀၀ ကျော် သေဆုံး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!