BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ထိုင်းနိုင်ငံမှာ PDF ၂၀၀ ကျော်...
      သတင်းအတု

      ထိုင်းနိုင်ငံမှာ PDF ၂၀၀ ကျော် ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

      ထိုင်းနိုင်ငံမှာ ကန်ချနာဘူရီခရိုင်မှာ KNU က ထွက်ပြေးလာတဲ့ PDF ၂၀၀ ကျော် ဖမ်းမိတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  28 Nov 2021 10:06 PM IST
    • ထိုင်းနိုင်ငံမှာ PDF  ၂၀၀ ကျော် ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို Kaung Myat Htut Kmh ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၅၉ မိနစ်မှာဖြန့်ဝေထားတာဖြစ်ပါတယ်။၎င်း Video ဟာ ၃ မိနစ်နဲ့ ၅၃ စက္ကန့်ကြာမြင့်ပြီး ဆီအုန်းပင်တွေကြားမှာ ဖမ်းခံထားရတဲ့သူများစွာ ထိုင်နေကြပြီး ထိုင်းဘာသာစကားပြောကြားတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက လူအရေအတွက် ရေတွက်နေတာကို တွေ့ရပါတယ်။ အဆိုပါ video အထဲမှာ ဖမ်းခံထားရတဲ့သူတွေရဲ့ စားထားတဲ့ မုန့်တွေ အအေးဘူးခွံတွေကို ရိုက်ပြထားပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေက ကားနဲ့ တစ်နေရာကို ရွေ့ပြောင်း ပေးနေတာ တွေ့ရပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ကူးယူဖော်ပြနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်မှာ KNU က ထွက်ပြေးလာတဲ့ PDF ၂၀၀ ကျော် ဖမ်းမိတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

      အဆိုပါ ဖမ်းခံထားရတဲ့သူတွေဟာ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့နယ်ကို အလုပ်အကိုင်ရှာဖွေဖို့ ပွဲစားခ တစ်ယောက်ကို ဘတ် ၂၅၀၀၀ မှာ ၂၆၀၀၀ အထိ ပေးပြီး ရောက်ရှိလာကြတဲ့ သူတွေဖြစ်ပြီး လိုက်ပို့သူ ၃ ဦးနဲ့ ကျား ၁၂၂ ယောက် ၊ မ ၉၃ ယောက် စုစုပေါင်း ၂၁၈ ဦးတို့ကို နိုဝင်ဘာလ ၉ရက်က ဆီအုန်းခြံတစ်ခုအတွင်း ဖမ်းဆီးအရေးယူခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

      အဆိုပါ ဖမ်းခံရတဲ့သူတွေဟာ PDF တွေ မဟုတ်သလို KNU က ထွက်ပြေးလာတဲ့သူတွေလည်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေဖို့ ပွဲစားခပေးကာ တရားမဝင် ဝင်ရောက်လာတဲ့ သူတွေသာ ဖြစ်ပါတယ်။

      ယင်းဖြစ်စဉ်သတင်းနဲ့ ရုပ်သံကို ဒီ link မှာ ဖတ်ပါ။




      Tags

      Fake newsPDFarrestedThailandMigrantMilitaryCoupKNUသတင်းအတုရွေ့ပြောင်းလုပ်သား
      Read Full Article
      Claim :   ထိုင်းနိုင်ငံ ကန်ကျနဘူရီ ခရိုင်မှာ KNU က ထွက်ပြေးလာတဲ့ PDF ၂၀၀ ကျော် ဖမ်းမိတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!