BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွန်ညီညွတ်ရေးပါတီက မဲလိမ်ပြီး...
သတင်းအတု

မွန်ညီညွတ်ရေးပါတီက မဲလိမ်ပြီး အနိုင်ရသွားတယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ရေးမြို့နယ်က မွန်ညီညွတ်ရေးပါတီ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နေရာမှာ ကြိုတင်မဲတွေ လိမ်ပြီး အနိုင်ယူသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Nov 2020 5:07 PM IST
  • မွန်ညီညွတ်ရေးပါတီက မဲလိမ်ပြီး အနိုင်ရသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Aung Ba La ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၉ ရက်နေ့ ၆ နာရီ ၃၅ မိနစ်မှာ မော်လမြိုင်ကို ချစ်ကြသူများဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ရေးတင်ခဲ့ပါတယ်။ အဆိုပါ သတင်းအမှားထဲမှာ "မွန်ပြည်နယ်ကရေးမြို့နယ်မှာ MUP ပါတီက နေရာ၃နေရာလုံးကို ကြိုတင်မဲတွေနဲ့လိမ်ပြီးအနိုင်ယူသွားတယ်လို့သိရတဲ့အတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်စိစစ်ပြီး ကြိုတင်မဲလိမ်တာမှန်ရင် ဒုတိယရတဲ့ပါတီကိုအနိုင်ပေးသင့်ပါတယ်။

    ဒါမျိုးတွေ ခွင့်ပြုရင်နောင်ဒီထက်မသမာမှုတွေပိုများလာလိမ့်မှာဖြစ်ကြောင်းပါ။ အများသိအောင် Copy ယူပြီး ဖြန့်ဝေကြပါ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    Aung Ba La ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မော်လမြိုင်ကို ချစ်ကြသူများဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲ ရေးတင်ထားတဲ့ MUP ပါတီက ကြိုတင်မဲတွေနဲ့ မဲလိမ်ပြီး အနိုင်ယူသွားတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်စစ်ဆေးဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး တွဲဘက် အတွင်းရေးမှူး နိုင်အောင်မွန်ကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး "သဘောပြောပြချင်တာကလေ မဲကိုလုပ်ခွင့်ရှိတဲ့ ကြည့်ခွင့်ရှိတာက ကော်မရှင်ပဲ ရှိတာလေ။ ကျွန်တော်တို့က အပြင်လူပဲ ကျွန်တော်တို့က ဘာမှ လုပ်ခွင့်မရှိဘူး။ ကော်မရှင်နဲ့ ညှိလို့ရတဲ့ အဖွဲ့အစည်းကျမှ လိမ်လို့ ရတဲ့ အနေအထား ရှိတာလေ။ ကျွန်တော်တို့က ကော်မရှင်နဲ့ ညှိလို့ ရတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူးလေ။ အဲ့သတင်းက ယုတ္တိမရှိဘူးပေါ့နော်။ သူခိုးလူဟစ်တဲ့ အနေအထားပဲ ကျွန်တော်ပြန်ပြောချင်တာပေါ့" လို့ MUP ပါတီက နိုင်အောင်မွန်က Boom Myanmar ကို ပြောပါတယ်။

    ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေအရ မွန်ပြည်နယ်အတွင်းမှာ NLD ပါတီက (၃၁) နေရာနဲ့ မွန်ညီညွတ်ရေးပါတီက (၁၁) နေရာ အနိုင်ရရှိထားပါတယ်။ ရေးမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ပြိုင်ဘက်ပါတီတွေ အကုန်လုံးကို အနိုင်ရကာ စုစုပေါင်း (၅) နေရာလုံး အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရကိုယ်စားလှယ်တွေကတော့ ပြည်သူ့လွှတ်တော် မှာ ဒေါက်တာဗညားအောင်မိုး၊ အမျိုးသားလွှတ်တော် (၆) မှာ နိုင်သီဟ၊ အမျိုးသားလွှတ်တော် (၇) မှာ မိလဝီဟန်၊ ပြည်နယ်လွှတ်တော် (၁) မှာ နိုင်ခင်စိုး၊ ပြည်နယ်လွှတ်တော် (၂) မှာ မင်းအောင်ထူး တို့ ဖြစ်ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ မဲအရေအတွက်ကိုစုစည်းသတင်းရေးသားထားတဲ့ သံလွင်တိုင်း သတင်းဌာနရဲ့ သတင်းကို ဒီမှာ ဖတ်ပါ။


    ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က (၃၁) နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီကတော့ (၁၁) နေရာ အနိုင်ရရှိခဲ့ပါတယ်။

    အနိုင်ရတဲ့ နေရာတွေ အကြောင်းရေးထားတဲ့ သံလွင်တိုမ်းရဲ့ သတင်းကို ဒီမှာ ဖတ်ပါ။






    Tags

    Fake newsMon Unity PartyYe TownshipMon Stateadvance votesElection Myanmar 2020
    Read Full Article
    Claim :   Aung Ba La ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မော်လမြိုင်ကို ချစ်ကြသူများဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲ ရေးတင်ထားတဲ့ MUP ပါတီက ကြိုတင်မဲတွေနဲ့ မဲလိမ်ပြီး အနိုင်ယူသွားတယ် ဆိုတဲ့ သတင်းကို Boom Myanmar က မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေး တွဲဘက်အတွင်းရေးမှူး နိုင်အောင်မွန် ကို ဆက်သွယ်မေးမြန်းပြီး အချက်စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!