BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Mizzima သတင်းထောက်...
သတင်းအတု

Mizzima သတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရတယ် ဆိုတဲ့ သတင်းအတု

တပ်မဟာ ၆ နယ်မြေမှာ Mizzima သတင်းထောက်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတယ် သတင်းအမှားတစ်ပုဒ် ယခုရက်ပိုင်းအတွင်းထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  24 Nov 2021 9:42 PM IST
  • Mizzima သတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Sergeant Ko Thet ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "သံလျင်တံတားအဆင်းရှိ လုံခြုံရေးဂိတ်အား ပစ်ခတ်ခဲ့မှု Video ဖိုင်ကို စောလျင်စွာဖော်ပြခဲ့သော Mizzima သတင်းထောက်အား တပ်မဟာ (၆)နယ်မြေတွင် သတ်ဖြတ်လုပ်ကြံခဲ့ကြောင်း သတင်းထွက်ပေါ်လာ" လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် PDFများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား ၁၀ ဦးခန့် ကျည်ဆန်ထိမှန်ကာ သုံးဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း Mizzima သတင်းဌာနက အဆိုပါနေ့ရက် ညနေ ၅နာရီ ၃၇ မိနစ်တွင် ပစ်ခတ်ခဲ့မှု ရုပ်သံအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်ခဲ့မှု ရုပ်သံထွက်ပေါ်လာခဲ့မှုအပေါ် Mizzima သတင်းဌာန ဖော်ပြခဲ့သော ရုပ်သံပါ အချက်အလက်များကို စုံစမ်ထောက်လှမ်း ၍ ဆက်စပ် ဖော်ထုတ်ခဲ့ရာ သာကေတမြိုနယ်၊ ၁၀/ တောင်ရပ်ကွက်၊ ရန်ကုန်−သန်လျင်တံတားအဆင်းရှိ တံတားလုံခြုံရေးကင်းရုံ ပစ်ခတ်ခံရမှုတွင် တိုက်ရိုက်ပါဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သော တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး အပါအဝင်ကင်းထောက် ပေးသူ တရားခံ(၃)ဦးအား တာဝန်ရှိသူများက လက်ရဖမ်းဆီး ရမိခဲ့သည်" (မူရင်းဖော်ပြထားသည့် အတိုင်း) လို့ ရေးသားထားကာ ၎င်းသတင်းကို စောလျှင်စွာ ဖော်ပြခဲ့သည့် Mizzima သတင်းထောက်ကို တပ်မဟာ ၆ နယ်မြေမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ အဆိုပါ သတင်းအမှားထဲမှာ ဖော်ပြထားပါတယ်။

    မူရင်း ရေးသားဖော်ပြမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၆၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော် ရှိနေကာ ကူးယူဖော်ပြသူများစွာလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တပ်မဟာ ၆ နယ်မြေမှာ Mizzima သတင်းထောက် တစ်ဦးလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တပ်မဟာ ၆ နယ်မြေရောက်ရှိနေတဲ့ သတင်းထောက် တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ "စစ်ကောင်စီက တပ်မဟာ ၆ ကို တော်တော်ကြောက် နေပုံရတယ်။ တပ်မဟာ ၆ အကြောင်း သတင်းအမှားတွေ ဖြန့်သလား မမေးနဲ့။ ဒီမှာက အားလုံးက စည်းစည်းလုံးလုံးပဲ။ ခုဖြန့်ထားတာက သတင်းအမှားပါ" လို့ Boom Myanmar ကို ပြောပါတယ်။

    သတင်းအမှား ဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း မသိရတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ရေးသားမှုတွေပြုလုပ်ကာ NUG ၊ CRPH ကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMizzima journalistKNU controlled areaCoupMilitaryသတင်းအတုလုပ်ကြံခံရ
    Read Full Article
    Claim :   တပ်မဟာ ၆ နယ်မြေမှာ Mizzima သတင်းထောက် တစ်ဦးလုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!