BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မင်းကင်း NLD ကိုယ်စားလှယ်...
သတင်းအတု

မင်းကင်း NLD ကိုယ်စားလှယ် မဲခိုးတယ်ဆိုတဲ့သတင်းအတု

မင်းကင်းမြို့နယ်က NLD ပါတီကိုယ်စားလှယ်လောင်းဟာ မဲခိုးပြီး အနိုင်ရထားတယ်ဆိုတဲ့ ရေးသားဖြန့်ဝေတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  14 Nov 2020 6:21 PM IST
  • မင်းကင်း NLD ကိုယ်စားလှယ် မဲခိုးတယ်ဆိုတဲ့သတင်းအတု

    အဆိုပါ သတင်းအမှားကို နိုဝင်ဘာလ ၁၀ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို Lin Lin Mon ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၀ ရက်နေ့ ၁၂ နာရီ ၃၀ မိနစ်မှာ အဆိုပါ သတင်းအမှားကို တင်ထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဦးကျော်လင်း မဲခိုးမှုပေါ်ပြီ" လို့ ရေးသားထားပါတယ်။

    အဲ့ဒီသတင်းအမှားရဲ့ အတွင်းမှာတော့ "ပါတီပေါင်းများစွာက ကန့်ကွက်လိုက်တဲ့ ရွေးကောက်ပွဲ မဲစာရင်းရလာဒ် ပုံစံ ၁၉ ကို လက်မှတ်ထိုးခြင်းမပြုဆိုတဲ့ ပါတီတွင်း ညွှန်ကြားစာကတရားဝင် ထုတ်ပြန်ချက်အစစ်ဖြစ်ပါသည်။ ရွေးကော်UECက မင်းကင်းမဲစာရင်းကို မထုတ်ပြန်ရဲပါ(ထုတ်ပြန်လျင် ဦးကျော်လင်းမဲခိုးမှုမယ် အပြုံလိုက်ထောင်ကျမည်)။ မဲကိုဒီလိုခိုးခဲ့သည် UECက မဲစာရင်းနမူနာကိုပုံစံတူရယူပြီး မင်းကင်းမြို့နယ် nld အကွက်မယ် တံဆိပ်တုံးကြိုရိုက်တဲ့ မဲစာရင်းစာရွက်တွေကို မဲရုံတွေဆီကြိုဖြန့်ခဲ့တယ် (ပန်းဆက်.တောင်တွင်း.မးင်းကင်း.သံပေါက် လောင်းပြည့် ဇင်ကလဲ ထီဇလုပ် ဝက်ပုတ် ဆီကာ နယ်ဘက်က မဲစာရင်း လူအရေအတွက်ကို အရင်ယူခဲ့တယ်လို့ မဲခိုးရာမှာပါဝင်သူများက တဆင့် ပြောပြပါတယ်)။ မဲခိုးမှုကို ကြိုတင်ကြံရွယ်ချက်ရှိရှိ ဆောင်ရွက်သူကတော့ ဦးကျော်လင်းနဲ့ ဒေါ်ခင်မွှေးလွင်ပါ။ မဲပေးရမယ့် စာရင်းနဲ့ တကယ့်မဲ အရေအတွက်က ကိုက်ညီမှုမရှိဘူး ကြိုတင်မဲအရေအတွက်က မဲအတုတွေဖြစ်ပါတယ် (uecကနေ ကြိုတင်မဲစာရွက်များ ပိုထုတ်ခဲ့သည်) မဲပေးရမယ့် ရက်မတိုင်ခင် အချိန်များစွာကတည်းက ဦးကျော်လင်းမဲရဖို့ တဖက်လှည့်နဲ့ မဲတွေဝယ်ခဲ့သည်။ မဲပုံးအသစ်တွေထဲမယ် မင်းကင်း nldအတွက် ထောက်ခံမဲတွေ ကြိုတင် ထည့်ထားခဲ့သည်။ ပုံစံ ၁၉ မှာ လက်မှတ်မထိုးရခြင်းကို ပြည်သူတွေသိအောင်တင်ပေးလိုက်ပြီ။ ဦးသိန်းညွန့် ဦးကျော်ဇေယျ ဒေါက်တာသက်သက်ခိုင် ဦးသောင်းအေး ဒေါ်ညိုညိုသင်း ဒေါက်တာမောင်သင်း ဦးဝဏ္ဍမောင်လွင် ဦးမောင်မြင့် တို့ယှဉ်ပြိုင်သည့်မဲဆန္ဒနယ်တွေမယ် မဲခိုးမှု မဲဝယ်ယူမှု သက်သေများ စတင်ရရှိထားပြီဖြစ်သည်။ မကြာခင်ထုတ်ပြန်မည်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၂၂၀၀ ကျော်ရှိနေပြီး တခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ပြန်တင်ထားကြပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ မင်းကင်း NLD ကိုယ်စားလှယ် ဒေါက်တာကျော်လင်း မဲခိုးတယ်လို့ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက်ဆန်းစစ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အဆိုပါ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုပါတယ်။

    ဒေါက်တာကျော်လင်းအပေါ် ရေးသားချက်နဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က "အဲ့ဒါက မဟုတ်ပါဘူး။ ဒေါက်တာကျော်လင်းက အစောထဲက မဲ ၁၀၀၀၀ ကျော်နဲ့ အနိုင်ရနေတာလေ။ မဲပေးတဲ့ နေ့ထဲက ကျွန်တော်တို့ သိနေတာပါပဲ။ ညနေပိုင်းထဲက သိနေတာ။ တကယ်တမ်းက မဲခိုးတာ မဟုတ်ဘူး။ အဲ့ဒီ မတရားလုပ်နေတာက ဟိုဘက်က မတရားလုပ်နေတာ။ အားလုံးသိတဲ့ အတိုင်းပဲလေ။ အသံလွှင့်ချက်တွေ ဘာတွေနဲ့လေ အသံချဲ့စက်တွေနဲ့ လိုက်ဖွတာလေ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေ ဘာတွေ လျှောက်လုပ်တာတွေ ရှိတယ်။ အဲ့လိုလုပ်ထားတာတွေ ဒေါက်တာကျော်လင်းတို့ဘက်မှာ သက်သေအခိုင်အမာ ရှိတယ်။ အဲ့တော့ ပြောချင်တာကတော့ မဲခိုးတယ်ဘာညာ ဆိုတာကတော့ နောက်ပိုင်းမှာ ပေါ်လာတဲ့ စကားလုံးပါပဲ။ နောက်မှပေါ်လာတဲ့ စွတ်စွဲချက်ပေါ့လေ။ တကယ်တမ်းပြောရရင် သူတို့ပြောတာတွေ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်အဲ့လို သေချာ ငြင်းနိုင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    ရွေးကောက်ပွဲကော်မရှင်ကလည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မင်းကင်းမဲဆန္ဒနယ်က ဒေါက်တာကျော်လင်း အနိုင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။ UEC ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။


    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက နိုဝင်ဘာလ (၈) ရက်နေ့ ည ၉ နာရီခန့်မှာ မင်းကင်းမြို့နယ်မှာ NLD ပါတီက ဒေါက်တာကျော်လင်းက မဲအပြတ်သတ် အနိုင်ရရှိကာ အနိုင်ရရှိခဲ့ကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။





    Tags

    Fake newsMin Kin NLDrepresentativestole votesElection Myanmar 2020မင်းကင်း NLDကိုယ်စားလှယ်သတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ မင်းကင်း NLD ကိုယ်စားလှယ် ဒေါက်တာကျော်လင်း မဲခိုးတယ်လို့ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!