BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ...
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖခင်ဖြစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Aug 2023 5:56 PM IST
  • စစ်ကောင်စီခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ သတင်းကြေညာနေသူတစ်ဦးရယ် နာရေးဓါတ်ပုံတစ်ပုံရယ်ကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၀ ရက်နေ့ အရေးပေါ်သတင်း မင်းအောင်လှိုင်ရဲ့ ဖခင် ဦးသောင်းလှိုင် ပစ်သတ်ခံရ၊ အလောင်းထုတ်နေပြီ ကြည့်ရဲမှကြည့်ကြ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း “မင်းအောင်လှိုင် ဖခင် ပွဲသိမ်းခံရ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ YouTube Link ကို ဖေ့စ်ဘွတ်အကောင့်တစ်ချို့ကလည်း ဖြန့်ဝေထားပြီး ၁ ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၀၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖခင်ဖြစ်သူ ဦးသောင်းလှိုင် ပစ်သတ်ခံရတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မင်းအောင်လှိုင်ရဲ့ ဖခင်ဟာ ဦးသောင်းလှိုင် မဟုတ်ပါဘူး။ ၎င်းရဲ့ ဖခင်ဟာ ပန်းချီဆရာ အဖြစ်လုပ်ကိုင်ခဲ့တဲ့ ဦးခင်လှိုင်သာ ဖြစ်ပါတယ်။ ၎င်းရဲ့ ဖခင် ဦးခင်လှိုင်ဟာ မန္တလေးဆရာအတတ်သင်သိပ္ပံကျောင်း (STDC)၏ ပန်းချီဌာနမှူးအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်က ပန်းချီဌာနမှာ ပန်းချီဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်ယူခါနီး နှစ်နှစ်အလိုမှာ ဌာနတွင်းလက်အောက်ဝန်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးတိုင်ကြားတာကြောင့် အလုပ်ဖြုတ်ခံခဲ့ရသူ တစ်ဦးဖြစ်ကာ ၎င်းရဲ့ ဘ၀နှောင်းပိုင်းကို ပဲခူးမြို့ ရွှေသာလျောင်းဘုရားအနောက်ဘက်ဇရပ်မှာ နေထိုင်သွားခဲ့ပြီး မထင်မရှားဘဝနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ Mizzima သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    မင်းအောင်လှိုင်ရဲ့ ဖခင် ဦးခင်လှိုင်အကြောင်း ပါဝင်တဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    လူသိနည်းသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘ၀ဇာတ်ကြောင်း

    ဒါ့အပြင် သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ မင်းအောင်လှိုင်ရဲ့ ဖခင်ဖြစ်သူ ဦးသောင်းလှိုင် ပစ်သတ်ခ့ရတယ်လို့ ရေးသားထားပေမယ့် Video အတွင်းမှာတော့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsMilitaryCoupPDFNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ၂၀ ရက်နေ့ အရေးပေါ်သတင်း မင်းအောင်လှိုင်ရဲ့ ဖခင် ဦးသောင်းလှိုင် ပစ်သတ်ခံရ။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!